၂၀၁ရခုနှစ်၊ဧပြီလ(၂၂)ရက်နေ့တွင်နေပြည်တော်ကောင်စီနယ် မြေ၊ ဒက္ခိဏသီရိမြို့နယ်၊ ကြာပင်အုပ်စု၊ ထန်းတစ်ပင် ကျေးရွာတွင်အမျိုးသမီးတစ်ဦးကြိုးဆွဲချသေဆုံးမှုတစ်ခုဖြစ်ပေါ်ခဲ့ကြောင်း သတင်းကြားသိရသည်။

ဖြစ်စဉ်မှာ ဒက္ခိဏသီရိမြို့နယ်၊ မြို့မရဲစခန်းမှ ရဲအုပ်-ဝင်းအောင် တာဝန်မှူးတာဝန်ထမ်းဆောင်နေစဉ် အဆိုပါနေရာ၌ လူတစ်ဦးကြိုးဆွဲချ သေဆုံးနေကြောင်းသတင်းအရ သွားရောက်စစ်ဆေးခဲ့ရာတွင်သေဆုံးသူ၏ ယောက္ခမဖြစ်သူသည် (၂၁.၄.၂၀၁၇)ရက်နေ့ ည ၁၁နာရီ ၃ဝမိနစ် အချိန်ခန့်တွင် နေအိမ်အနောက်ဘက်သို့ 

အပေါ့သွားရာမှ နေအိမ်အနောက်ဘက် တစ်ဝိုင်းတည်းတွင် အိမ်ခွဲ၍နေထိုင်ကြသော သားဖြစ်သူနှင့် ချွေးမဖြစ်သူတို့အား ခေါ်နိုး၍ မရသဖြင့် ၎င်းသည် နေအိမ်အပေါက်ဝမှ ဓာတ်မီးထိုးကြည့်မိရာ ချွေးမတော်စပ်သူ မစန္ဒာ အသက်(၂၀)နှစ်သည် နေအိမ်အတွင်းခန်းရှိ (၆)ပေခွဲခန့်အမြင်ရှိသော ထုတ်တန်းပေါ်တွင် (၃)ပေခွဲခန့်ရှိ (၃)ပင်လိမ် အနီရောင် ပလပ်စတစ်ကြိုးဖြင့် ကြိုးဆွဲချသေဆုံးနေသည်ကို တွေ့ရှိရသဖြင့် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ဝင်း ထံသို့ အကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

၎င်းနောက် သေဆုံးသူ၏ အလောင်းအား ဆက်လက်စစ်ဆေးခဲ့ရာ ပြင်ပဒဏ်ရာမတွေ့ရှိရပဲ လည်ပင်တွင်ကြိုးချည်ထားလျှက် ထုတ်တန်းတွင် ကြိုးတန်းလန်းဖြင့် သေဆုံးနေခြင်းနှင့် လျှာအနည်းငယ်ထွက်ခြင်းတို့ကိုသာ စစ်ဆေးတွေ့ရှိရသဖြင့် အလောင်းအား ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်/မဟုတ်ကို သိရှိနိုင်စေရန် နေပြည်တော်ကုတင်(၁၀၀၀)ဆေးရုံသို့ ပေးပို့ထားပါကြောင်းနှင့် 

အဆိုပါ ဖြစ်စဉ်အား ဒက္ခိဏသီရိမြို့မရဲစခန်း၏ သေမှုသေခင်းအမှတ်စဉ်(၃/၂၀၁၇)ဖြင့် အမှုဖွင့် အရေးယူထားရှိပြီး ဒု-ရဲမှူးမြင့်စိုး (မြို့မ-စခန်းမှူး) မှ စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိခဲ့သည်။

သို့ဖြစ်ပါ၍ ယ္ခုရက်ပိုင်းအတွင်း ဒက္ခိဏသီရိမြို့နယ် အတွင်း၌ကြိုးဆွဲချသေဆုံးမှုဖြစ်စဉ် အမျိုးသားတစ်ဦး အမျိုးသမီးတစ်ဦး ၂ဦးရှိခဲ့ပြီမို့ ရခဲလှသော လူ့ဘဝကြီးကို ရရှိနေကြချိန်လေးများမှာ ကြုံဆုံတတ်ကြမြဲဖြစ်သည့် လောကဓံတရားတို့ကို "ခိုင်မာသောစိတ်ဓာတ်"မလျှော့သော ဇွဲလုံ့လ ဝီရိယများဖြင့် ရဲရဲဝ့ံဝ့ံ ရင်ဆိုင်ဖြတ်သန်းကြရမှာဖြစ်ပြီး "အဖန်ငါးရာ ငါးကမ္ဘာပတ်လုံး" ထပ်ဖန်တလဲလဲ ပေးဆပ်ကြရမည့် အဖြစ်ဆိုးမျိုးများကို အတုယူမမှားကြစေပဲ တန်ဖိုးကြီးလှပါသော "ရခဲလှသည့် လူ့ဘဝ"ကို တန်ဖိုးရှိရှိနဲ့ အသုံးချရပ်တည်နိုင်ကြပါစေကြောင်း စိတ်ဆန္ဒပြုရင်းဖြင့် ဤသေမှုသေခင်း နောက်ထပ်

ဖြစ်စဉ်တစ်ခုအား မရေးချင်ပါသော်လည်း ပြည်သူအများ လမ်းမမှားခံယူချက်မမှားကြစေဖို့ ရေးသားလိုက်ရပါတော့သတည်း။

သတင်းအရင်းမြစ် ဗဟိုကော်မတီဝင်ရုံး~ နေပြည်တော်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။