ပရိသတ်ကြီးကို ဒီတစ်ခါ ထူးထူးဆန်းဆန်းဖော်ပြပေးချင်တာကတော့ သေကံမရောက် သက်မပျောက်ခဲ့တဲ့ ဖိုးကံကောင်း တစ်ယောက်အကြောင်းပဲ ဖြစ်ပါတယ်။ ဖြစ်ပုံကတော့ ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့မှာ ပျော်ပွဲရွှင်ပွဲတစ်ခုမှာ ရုရှားနိုင်ငံထုတ် တင့်ကားတစ်စီးပေါ်က ကလေးတွေအပါအဝင် လူကြီး တစ်ချို့လိုက်ပါစီးနင်းပြီး လာကြပါတယ်။ ဒီလို စီးနင်းနေတဲ့အချိန်မှာ ယာဉ်မတော်တဆ ဖြစ်ပြီး အမျိုးသား တစ်ယောက်နဲ့ ကလေးနှစ်ယောက် ဟာ တင့်ကားအပေါ်မှ ပြုတ်ကျခဲ့ပါတယ်။ 

ဒါပေမယ့်လည်း အမျိုးသားကတော့ တင့်ကားရဲ့ ဘီးသွားနေတဲ့ လမ်းကြောင်းထဲကို ပြုတ်ကျသွားတာပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကံကောင်းထောက်မစွာနဲ့ အနားမှာရှိတဲ့ လူတွေက ထိုအမျိုးသားကို အချိန်မှီ ဆွဲထုတ်နိုင်ခဲ့တာကြောင့် ခြေထောက်တစ်ဖက်ပဲ ကျိုးသွားခဲ့တာပဲ ဖြစ်ပါတယ်။ တစ်ကယ်လို့သာ အချိန်မှီမဆွဲထုတ်နိုင်ခဲ့ရင် ထိုအမျိုးသားရဲ့ ဘဝကတော့ တင့်ကားဘီးအောက်မှာ မတွေးရဲစရာပါပဲ။

ထိုအမျိုးသားရဲ့ နာမည်ကတော့ ပီရိုတာ ဆိုသူဖြစ်ပြီး ယခု ဖြစ်ရပ်မှာ သူအတော်ကလေးကို ကံကောင်းလို့ မသေခဲ့တာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ ဒါ့အပြင် အခုလို ပြုတ်ကျသွားတဲ့နေရာမှာ သူမဟုတ်ပဲ အခြားကလေးတစ်ဦးသာဆိုရင် အတော်လေးကို ဆိုးဆိုးရွားရွား ဖြစ်သွားနိုင်ပြီး ဒီလို အတွေ့အကြုံမရှိပဲ တင့်ကားစီးတာဟာ အသက်အန္တရာယ် ရှိနိုင်တယ်ဆိုတာ သူကိုယ်တိုင် ကြုံတွေ့ခဲ့ရတာကြောင့် သင်ခန်းစာလည်း ရသွားတယ်လို့ ထပ်မံ ပြောကြားခဲ့ပါတယ်။ ပရိသတ်ကြီးလည်း ကိုယ်အတွေ့အကြုံမရှိတဲ့ ယာဉ်တစ်ခုခု မောင်းရင်ပဲ ဖြစ်ဖြစ် စီးရင်ပဲ ဖြစ်ဖြစ် လုပ်တော့မယ်ဆိုရင် မိမိကိုယ်ကို အသက်အန္တရာယ် မဖြစ်အောင် ကြိုတင် ကာကွယ်ထားကြပါနော်။ 

Source : UPI

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။