တရုတ်ပြည်တွင်(၁၃)နှစ်ကြာ အဆင့်ဆင့်ရောင်းစားခံရသည့် မြန်မာအမျိုးသမီးကို မူဆယ် လူ/ကယ်ပြန်က ရန်ကုန်သို ့ဧပြီ(၂၂)ရက်တွင် ပို ့ဆောင်ပေးခဲ့ပြီဖြစ်ပြီး လက်ခံထားပြီးပြီ ဖြစ်ကြောင်း လူမှုဝန်ထမ်း ကယ်ဆယ် ရေးနှင့် ပြန်လည်နေ ရာချထားရေးဦးစီးဌာနမှ သိရသည်။

အဆိုပါ အမျိုးသမီးအား လက်ရှိတွင် လူမှုဝန်ထမ်းဦးစီးဌာန၏ ဗဟန်းမြို ့နယ်ရှိ နတ်မောက်ကျောင်းတွင် ခေတ္တထားရှိပြီး ၄င်း၏ဇာတိဖြစ်ရာ မွန်ပြည်နယ်၊မုဒုံမြို ့နယ်၊ကင်းချောင်းကျေးရွာသို ့ဧပြီ ၂၂ ရက်က ထပ်မံ ပို့ဆောင်ပေးလိုက်ပြီဖြစ်ကြော င်းလည်း သိရသည်။

” ကောင်မလေးက အခုဆို တော်တော်ကြောက်ရွံ ့နေတယ်။ မီဒီယာတွေနဲ့လည်း မတွေ့ရဲသေးဘူး။ မြန်မာစကားမပြော တာ ကြာပြီဆိုတော့ စကားလည်း သိပ်မပြောတတ်ဘူး။ ရွှေလီရဲစခန်းမှာလည်း ကောင်းကောင်းမနေရဘူး ပြောတယ်။ ရေနွေးတောင်းတာ မရလို ့အိမ်သာထဲကရေတောင် ခပ်ပြီးသောက်ရတယ်လို ့ပြောတယ်။

အဲဒီမှာ သူတစ်ယောက်ထဲ မဟုတ်ဘဲ သူ့့လို တစ်ခြားမိန်းကလေးသုံးယောက် တွေ့တယ်လို့လည်း ပြောတယ်။ နောက်ပြီး လက်မှာလည်း ဒဏ်ရာတွေ တွေ ့တယ် ” ဟု အဆိုပါအရေးကိစ္စကို အစအဆုံး လိုက်ပါဆောင်ရွက်ပေးနေသူ ကိုနိုင်ကို သူက ပြောသည်။

ယင်းအမျိုးသမီးသည် တရုတ်ပြည်၌ ရောင်းစားခံရချိန်တွင် တရုတ်တစ်ဦး၏ ဇနီးမယားအဖြစ် သားနှစ်ဦးထွန်းကား ခဲ့ေ ကြာင်း၊ ၄င်းက မြန်မာပြည် ခေတ္တပြန်ရန် ခွင့်တောင်းရာတွင် ခင်ပွန်းဖြစ်ခဲ့သူ တရုတ်က ၄င်းထံသို ့လာရောက် ရောင်းစား သည့် ပွဲစားများကို ခေါ်၍ မြန်မာပြည်သို ့ ပို့ဆာင်ခိုင်းခဲ့ရာ ပွဲစားများက ပြန်မပို့ဘဲ နောက်ထပ် တရုတ်တစ်ဦး၏။

ဇနီးမယားအဖြစ် ထပ်မံရောင်းစားခြင်းခံရကာ (၁၃)နှစ်ကျော်ကြာမှ Wechat ကို အသုံးပြုပြီး မြန်မာနိုင်ငံမှ လူများနှင့်ဆ က်သွယ် အကူအညီတောင်း၍ မြန်မာနိုင်ငံသို ့ပြန်လည်ရောက်ရှိလာခြင်း ဖြစ်ကြောင်း သိရသည်။

သတင်းအရင်းမြစ် Tint Lwin

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။