ကမ္ဘာ့အရပ်ရပ်မှာတွေ့မြင်နေရတဲ့ ကိုယ်အင်္ဂါမပြည့်စုံတဲ့ လူတွေကို ပရိသတ်တွေလည်းမြင်ဖူး တွေ့ဖူးကြမယ်ထင်ပါတယ်။ မွေးရာဝေဒနာတွေနဲ့အတူ အခြားအခြားသော ဘေးအန္တရယ်တွေကြောင့် ခံစားရသူတွေများစွာရှိနေပြီး ပြည်တွင်းအနယ်နယ် အရပ်ရပ်မှာလည်း အဆိုပါ ဝေဒနာသူတွေများစွာရှိနေကြောင်း သိရပါတယ်။  

မကြာသေးမီက ခြေလက်အင်္ဂါမရှိ အမျိုးသမီးတစ်ဦးရဲ့ ဗီဒီယိုဖိုင်လေးက ပရိသတ်တွေကြားမှာရေပန်းစားခဲ့တာတွေ့ရပါတယ်။ အဆိုပါ ဗီဒီယိုဖိုင်လေးကတော့ ဧရာဝတီတိုင်းဒေသကြီး ငါးသိုင်းချောင်း သစ်ဖြူပင်ဘက်မှာနေထိုင်တဲ့ မဇင်မာအေး အမည်ရှိသူအမျိုးသမီးတစ်ယောက်ရဲ့ဘဝကတော့ ဝမ်းစာအတွက် ကိုယ်ပိုင်လုပ်ငန်းတစ်ခုကို လုပ်ကိုင်နေရသူတစ်ယောက်ဖြစ်ကြောင်း သိရပါတယ်။  

ခြေလက်အင်္ဂါမရှိပေမယ့် နှီးဦးထုပ်ကို ကိုယ်တိုင်ယက်လုပ်တက်ပြီး ဘဝအတွက် ဝမ်းစာရှာနေရသူတစ်ယောက်ဖြစ်ကြောင်း သိရပါတယ်။ မပြည့်စုံတဲ့ဘဝတစ်ခုကို ပိုင်ဆိုင်ထားပေမယ့် အရှုံးမပေးပဲ ရုန်းကန်နေသူ မဇင်မာအေးရဲ့ ဗီဒီယိုဖိုင်လေးကို မျှဝေပေးလိုက်ပါတယ်။

VIDE0 - ရတနာဂေဟာ မင်္ဂလာဒုံ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။