နာမည်ကျော်မော်ဒယ်တစ်ယောက်ဖြစ်တဲ့ Mဆိုင်းလုဟာ ပြီးခဲ့တဲ့ရက်ပိုင်းလောက် ကတည်းက စင်ကာပူနိုင်ငံကို ခင်မင်ရသူ သူငယ်ချင်းတွေနဲ့ရောက်ရှိနေတာပဲဖြစ်ပါ တယ်။ ချစ်ဖို့ကောင်းတဲ့ တိုင်းရင်းသူလေးဟာ သူငယ်ချင်းတွေနဲ့တွေ့တိုင်းအမြဲတမ်း ပြုံးရွှင်နေတတ်တဲ့ နတ်သမီးလေးပေါ့။ စင်ကာပူမှာ သုံးညအိပ်လေးရက်ခရီးထွက်ခဲ့ပြီး Night Out ခဲ့တဲ့ ပုံရိပ်တွေကို လူမှုကွန်ယက်မှာ ဝေမျှလိုက်တာပဲဖြစ်ပါတယ်။

မကြာခဏဆိုသလို နိုင်ငံခြားခရီးစဉ်တွေသွားတတ်ပြီး သူမဘဝရဲ့အကျိုးရှိတဲ့အချိန်တွေကို ခရီးတွေသွားရင်း ပျော်ပျော်ကြီးအသုံးချနေတာပဲဖြစ်ပါတယ်။ သူငယ်ချင်းတွေနဲ့အတူတူ ခရီးသွားဖို့ ဆိုတာ တော်တော်လေးကိုညှိနှိုင်းရခက်တဲ့ကိစ္စဖြစ်ပေမယ့် ဆိုင်းလုက တော့ မကြာခဏဆိုသလိုပဲ သူငယ်ချင်းတွေနဲ့ ခရီးထွက်ရတာဆိုတေ့ာ တကယ့်ကို ကံကောင်းသူလေးပေါ့နော်။

သူမတို့သူငယ်ချင်းတွေ အပျော်ကြီးပျော်နေကြတဲ့ပုံရိပ်တွေကို " ဒါတွေကတော့ ဆိုင်းလူရဲ့ Singapore ၃ညအိပ်၄ရက် ခရီးမှာ night outထားခဲ့တဲ့ စုစည်းမူဘဲ Singapore မှာက night out ထွက်က်ရတာ safe ဖြစ်တယ်.privacy လည်းရှိတယ် .ဘော်ဒါတွေနဲ့ဆို အလွတ်ကဲဘဲ နောက်တခေါ်က်ပေါ့ " ဆိုပြီး တင်ထားတာပဲဖြစ်ပါတယ်။ ဆိုင်းလုလေး ဘယ်လိုတွေပျော်နေတယ် ဆိုတာ ပုံလေးတွေကသက်သေပေါ့နော်။

Photo - M Seng Lu

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။