ပိုင်ဖြိုးသုကတော့ အနပညာလောကမှာ နာမည်တစ်လုံးနဲ့ ရပ်တည်နေနိုင်ပြီး အောင်မြင်မှုပေါင်းများစွာရရှိထားတဲ့ အနပညာရှင်တစ်ယောက် ဖြစ်ရာသရုပ်ဆောင်ချက်တွေကောင်းမွန်လွန်းတာကြောင့် အကယ်ဒမီတွေရရှိသည်အထိအောင်မြင်နေသူလေးပဲဖြစ်ပါတယ်။ ရုပ်ရှင်ဒါရိုက်တာ ဏကြီးနဲ့ သရုပ်ဆောင် မင်းသမီးချောလေး ပိုင်ဖြိုးသုတို့စုံတွဲလေးကတော့ မကြာခင်က လက်ထပ်ထိမ်းမြားခဲ့ကြပါတယ်။  

သူမတို့စုံတွဲလေးကတော့ တစ်ယောက်ကိုတစ်ယောက် ဖေးမကူညီရင်း အနုပညာအလုပ်တွေကို အတူတူလုပ်ကိုင်နေကြတဲ့ သူတို့စုံတွဲလေးက ချစ်သူသက်တမ်း ၅ နှစ်အကျော်မှာ အိမ်ထောင်သည်ဘဝကို စတင်တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ သူမတို့ဇနီးမောင်နှံကတော့ တစ်ယောက်ကို တစ်ယောက် မျက်စိအောက်က အပျောက်မခံနိုင်အောင် roဆန်နေခဲ့ပါတယ်။ 

ယခုမှာတော့ ပိုင်ဖြိုးသုတစ်ယောက် ချစ်ခင်ပွန်းရိုက်ပေးတဲ့ ပုံရိပ်လေးတွေကို ထုတ်ပြလိုက်ပါတယ်။ပိုင်ဖြိုးသုကတော့ " မမြင်ရလေလှလေဖြစ်တဲ့သူ့မိန်းမကိုရိုက်ပေးထားရှာတာ "ဆိုပြီး ချစ်စရာကောင်းလွန်းတဲ့ပုံရိပ်လေးနဲ့အတူ ရေးသားထားခဲ့ပါတယ်။ ချစ်ပရိသတ်တွေအတွက် ပိုင်ဖြိုးသုရဲ့ အသည်းယားစရာကောင်းလောက်အောင် ချစ်စရာကောင်းလွန်းတဲ့ပုံလေးတွေကိုဖော်ပြပေးလိုက်ပါတယ်။

source:ပိုင်ဖြိုးသု

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။