အာဆီယံယူ-၁၉ ပြိုင်ပွဲနှင့် အာရှယူ-၁၈ ခြေစစ်ပွဲအတွက် ပြင်ဆင်သည့် အနေဖြင့် ဂျပန်နိုင်ငံ၊ အိုဆာကာမြို့သို့ လေ့ကျင့်ခြေစမ်းရန် ရောက်ရှိနေသည့် မြန်မာလက်ရွေးစင် ယူ-၁၈ အသင်းဟာ ၅ ရက်မြောက် လေ့ကျင့်ခန်း အစီအစဉ်များကို ယနေ့ နံနက်ပိုင်းနှင့် ညနေပိုင်းက J-GREEN SAKAI လေ့ကျင့်ရေးစင်တာတွင် ဆက်လက်ပြုလုပ်ခဲ့ပါတယ်။

မြန်မာယူ-၁၈ အသင်း အနေဖြင့် ဇူလိုင် ၂၁ ရက်၊ ဒေသစံတော်ချိန် ညနေ ၅း၀၀ နာရီ (မြန်မာစံတော်ချိန် မွန်းလွဲ ၂း၃၀ နာရီ)တွင် Osaka Sangyo University အသင်းနှင့် J-GREEN SAKAI လေ့ကျင့်ရေးစင်တာတွင် ခြေစမ်းမည်ဖြစ်ပါတယ်။ 

ဂျပန်နိုင်ငံသို့ လေ့ကျင့်ခြေစမ်းရန် ရောက်ရှိနေသည့် မြန်မာလက်ရွေးစင် ယူ-၁၈ အသင်းသည်ပြီးခဲ့တဲ့ရက်ပိုုင်းက ပထမဆုံး ခြေစမ်းပွဲစဉ်အဖြစ် ဆီရီဇို အိုဆာကာ ယူ-၁၈ အသင်းနှင့် ကစားခဲ့ရာ ၂-၁ ဂိုးဖြင့် အနိုင်ရခဲ့ထားတာပဲ ဖြစ်ပါတယ်။

source:MFF

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။