မြန်မာနိုင်ငံသည်လွန်ခဲ့သော ၁ဝနှစ်ခန့်ကတည်းက ရေကြီးခြင်း၊ မိုးခေါင်ခြင်း၊ လေမုန်တိုင်း နှင့် ငလျင်ဒဏ်တို့ကိုအလူးအလဲခံခဲ့ကာ ယခုအခါတွင် ကမ္ဘာပေါ်တွင် နှစ်စဉ်သဘာဝဘေးဒဏ်ကိုခံရနိုင်ဖွယ်အရှိဆုံးနိုင်ငံအဆင့်တွင် အဆင့် ၄၂ သို့ရောက်ရှိနေပြီဖြစ်ပါသည်။တစ်ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုပြောင်းလဲမှုဒဏ်ကိုခံရနိုင်ဖွယ်အရှိဆုံးနိုင်ငံများစာရင်းမှာလည်း အဆင့် ၂ နေရာကရပ်တည်နေပါတယ်။

ရခိုင်ပြည်နယ် နှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှာ မုန်တိုင်းဒဏ်၊ ဆူနာမီဒဏ် နှင့် ဆိုင်ကလုန်းဒဏ်တို့အလူးအလဲခံခဲ့ရတာကြောင့် ထိခိုက်နစ်နာမှုအများဆုံးဖြစ်ခဲ့ပါတယ်။

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုတွေ ဘေးအန္တရာယ်ကြိုတင်ကာကွယ်မှုတွေ အားနည်းတာကြောင့်မြန်မာနိုင်ငံဟာရှေ့လျောက် သဘာဝဘေးဒဏ်တွေခံရနိုင်ချေပိုလို့သာတိုးလာပါတယ်။

ဒါ့အပြင်ကမ္ဘာပေါ်ရှိအဓိကငလျင်ကြော ၂ခုတောင်ရှိတဲ့ မြန်မာပြည်ရဲ့ ရှေ့ရေးကတော့မတွေးရဲစရာပါပဲ။

ဒါ့ကြောင့်မို့ ကြိုတင်ကာကွယ်သင့်တဲ့နည်းလမ်းတွေ ဖြစ်ပွားခဲ့ပါကဖြေရှင်းရမယ့်နည်းစနစ်တွေ ပြန်လည်ထူထောင်ရေးအတွက်ကြိုတင်ပြင်ဆင်သင့်တာတွေကို အစိုးရအနေနဲ့လည်းစွမ်းစွမ်းတမံလုပ်ဆောင်သင့်ပြီး ပြည်သူမျာူကလည်းမိမိတတ်အားသည့်ဘက်မှ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရန်လုပ်ဆောင်သင့်ကြောင်းသတိပေးတိုက်တွန်းအပ်ပါတယ်။

Source: Give2Asia

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။