မအေးသောင်းကတော့ အရွယ်တင်နုပျိုလှပတဲ့ မင်းသမီးချောတစ်ဦးဖြစ်ပြီး ယနေ့တိုင်အောင် ပရိသတ်တွေရဲ့အသည်းကို ဖမ်းစားနိုင်သူလေး ဖြစ်ပါတယ်။ တစ်ခေတ်တစ်ချိန်ကတည်းက အရမ်းကို လူကြိုက်များအောင်မြင်ခဲ့တဲ့ မအေးသောင်းက အခုချိန်မှာလည်း နာမည်တစ်လုံးနဲ့ ကျော်ကြားနေဆဲ ဖြစ်ပါတယ်။ 

ပရိသတ်တွေရဲ့ အချစ်တော်လေး အေးသောင်းကတော့ ဇာတ်ရုပ်အမျိုးမျိုးကို ပီပြင်စွာသရုပ်ဆောင်နိုင်သူလေးပဲဖြစ်ပါတယ်။ မအေးသောင်းကတော့ တည်ငြိမ်ရင့်ကျက်တဲအလှတွေနဲ့ ယဉ်ယဉ်လေး လှသူလေး ဖြစ်ပါတယ်။ မြန်မာဆန်တဲ့အလှတွေနဲ့ ပရိသတ်တွေကို ဖမ်းစားတတ်တဲ့ မအေးသောင်းကိုတော့ အားလုံးက အပျိုကြီးမမလို့ ထင်မှတ်ထားကြတာ ဖြစ်ပါတယ်။

ယခုမှာတော့ အေးသောင်းဟာအနပညာအလုပ်တွေစလုပ်ခဲ့တဲ့ ငယ်ရွယ်စဉ် ဆယ်ကျော်သက်အရွယ်တုန်းက ချစ်စရာကောင်းတဲ့ငယ်ဘဝပုံရိပ်လေးတွေကိုထုတ်ပြလိုက်ရင်း သူမရဲ့ အသက်အမှန်ကိုပြောပြလိုက်ပါတယ်။အေးသောင်းကတော့ " အယ်လယ် မွေးနေ့ Date ကလေးပါတယ်ဟ။ပထမဆုံး Fashion Image မျက်နှာဖုံးဓာတ်ပုံ ကိုအေးဇော်မိုး ရိုက်ထားတာလေး။

ကဲ ကိုယ့်အသက်ကို ငြင်းနေတဲ့ ဦးဦး ဒေါ်ဒေါ် ကိုကို မမ များရှင့်...... "ဆိုပြီးရေးသားထားခဲ့ပါတယ်။

source:အေးသောင်း

photo: alexandr ben

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။