မင်းသား Lee Jong Suk နဲ့တွဲဖက်လို့ While you were sleeping ဇာတ်လမ်းတွဲကို လီမင်ဟို့ရည်းစားဖြစ်သူ Bae Suzy တစ်ယောက် စရိုက်နေပြီဖြစ်ပါတယ်။ သူမနဲ့တွဲဖက်မင်းသား Lee Hong Suk ကတော့ ဇာတ်လမ်းတွဲတိုင်းမှာ သူနဲ့တွဲတဲ့တွဲဖက်အနုပညာရှင်တိုင်းနဲ့ ဇာတ်လမ်းတစ်ခုဖြစ်အောင် ဖန်တီးနိုင်စွမ်းရှိတဲ့ မင်းသားဆိုပြီး အထူးနာမည်ကြီးသူဆိုတာ ပရိသတ်များအသိပါ။ မင်းသားရဲ့ chemistry ဖန်တီးနိုင်မှုအားကောင်းတာကို သူနဲ့တွဲဖက်ဖူးတဲ့ အနုပညာရှင်များဖြစ်ကြတဲ့ Kim Woo Bin နဲ့ Park Shin Hye တို့ကလည်း အထူးချီးကျူးထားပါတယ်။

ခုလည်း သူတို့နှစ်ယောက် အတူတူဇာတ်လမ်းတွဲရိုက်ကူးနေစဉ်ကာလအတွင်းမှာ နှစ်ယောက်စလုံးရဲ့အနီးကပ်ပုံတွေ၊ ရိုက်ကွင်းပေါ်အဖြစ်အပျက်တွေကလည်း အင်တာနက်ပေါ်မှာ ပြန့်လို့လာပါတယ်။ ဓါတ်ပုံတွေထဲမှာ Suzy ရဲ့အသွင်ကလည်း ဆံပင်တိုလေးနဲ့အရမ်းကို ချစ်စရာကောင်းတာကလည်း ငြင်းမရနိုင်ပါဘူး။သူမနဲ့ Lee Min Ho တို့နှစ်ယောက်ရဲ့ ချစ်ဇာတ်လမ်းကောလဟာလကလည်း အင်တာနက်မှာ ကောင်းသတင်းရော၊ ဆိုးသတင်းပါတွဲပြန့်နေသလို တစ်ခေါက်တုန်းက မင်းသား Lee Min Ho ဟာ Suzy ခေါင်းဆောင်အဖြစ်ရိုက်ကူးမယ့် While you were sleeping ဇာတ်လမ်းတွဲမင်းသားကို မနာလိုဖြစ်မိတဲ့အကြောင်း ဖွင့်ဟဖူးပါတယ်။ 

Suzy နဲ့ Lee Jong Suk တို့ကြားက Chemistry ကလည်း အရမ်းကြည်နူးစရာကောင်းတဲ့ပုံဖြစ်နေတော့ Lee Min Ho တစ်ယောက် အနည်းငယ်စိတ်ဆိုးနေတယ်လို့ ပရိသတ်တွေက ထင်ထားကြပါတယ်။ဒါကြောင့် ဒီလိုသတင်းထွက်အပြီး နောက်ထပ် ကောလဟာလတွေပေါင်းစပ်ကာ သူမတို့နှစ်ယောက်ပြတ်သွားကြပြီဆိုတဲ့ သတင်းတွေထွက်လာတာဖြစ်ပါတယ်။ နောက်ထပ်သတင်းတွေကလည်း နှစ်ယောက်သား အတူတူပျော်ရွှင်စွာရှိနေကြပြီး လက်ထပ်ဖို့တောင်တိုင်ပင်နေကြပြီးဖြစ်တယ်လို့ဆိုပါတယ်။ ခုချိန်ထိတော့ သတင်းအမှန်ကဘာလဲမသိကြသေးပေမယ့် နှစ်ယောက်စလုံးရဲ့ ဖန်များကတော့ သူတို့နှစ်ယောက်ကို နောက်ဆုံးမှာ ပေါင်းစည်းလက်ထပ်သွားကြဖို့ မျှော်လင့်နေကြပါတယ်။ဇာတ်လမ်းတွဲသစ် While You Were Sleeping ကတော့ အိမ်မက်ထဲမှာ ရှေ့ဖြစ်နမိတ်တွေကို မြင်ရတဲ့ ကောင်မလေးတစ်ယောက်အကြောင်းဖြစ်ပြီး Lee Jong Suk ကတော့ ဒီလိုနမိတ်တွေဖြစ်မလာအောင် တားဆီးမယ့် အမှုစစ်ရှေ့နေတစ်ယောက်နေရာကပါဝင်သွားမှာဖြစ်ပါတယ်။

Source : MODA

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။