ရုပ်ရှင်နဲ့ ဗီဒီယိုသရုပ်ဆောင်ဦးအောင်ဇော်ဟာ မနေ့ညက နှလုံးရောဂါဖြင့် ကွယ်လွန်သွားခဲ့လို့ ပရိသတ်တွေရော အနပညာရှင်တွေပါ စိတ်မကောင်းဖြစ်နေပါတယ်။ ဝေဋုကျော်ကတော့ " သူငယ်ချင်း အောင်ဇော် မင်းငါ့ကို လှမ်း နှုတ်ဆက်သွားတာလားကွာ 7 : 08 pm မှာ ငါ့ဆီကို မင်းဖုန်းဆက်တယ် ကားရိုက်ရှိလို့ 23 ရန်ကုန်လာမလို့တဲ့ " ဆိုပြီး ရေးသားထားခဲ့ပါတယ်။

" အေး ငါကမနက်ဖြန် မန္တလေးလာမှာ စပိဘုတ် တစ်စီးပါဆွဲလာရမှာလို့ပြောတော့ ငါ့အိမ်မှာလာထားတဲ့ ငါကားရေဆေးခုံ ဖွင့်ထားတယ် မင်းနဲ့တွေ့ပြီးစကားတွေပြောချင်သေးတယ်တဲ့နောက်ရက်မှဘဲ ရန်ကုန်သွားမယ်လို့မင်းပြောတယ် ...9 း 45 pm မှာ မင်း သီတင်း တက်လာလို့ မဟုတ်ပါစေနဲ့လို့ ဆုတောင်းပြီး မင်းဖုန်းကို ဆက်လိုက် တော့ မင်းမိန်းမ ဖြူစင် ဖုန်းကိုင်တယ် ငိုလိုက်တာ " ဆိုပြီး ရေးသားထားခဲ့ပါတယ်။

" ကိုဝေနဲ့ ဖုန်းပြောပြီးသိပ်မကြာဘူး ဖြစ်သွားတာတဲ့ ... ကိုဝေနဲ့ဖုန်းပြောတာတွေတောင် ပြန်ပြောပြနေသေးတယ်တဲ့ ... ငါသူငယ်ချင်းကြီးအိမ်လာမယ်လို့ ပြောသွားသေးတယ် သိပ်မကြာဘူး စကားတွေပြောနေရင်းနဲ့လဲကျသွားတာတဲ့ ငါတို့ သူငယ်ချင်းတွေ ကိုယ့် အကြောင်းတွေနဲ့ ကိုယ်မို့ မဆုံဖြစ်တာ နှစ်ချီနေပြီ မင်းနဲ့ တွေ့ရမှာမို့ ငါပျော်နေတာ ... ခုတော့ အားလုံးကို မင်းကထားသွားခဲ့ပြီ ငါဘယ်လို ဖြေရမှာလည်း သူငယ်ချင်းရယ် . " ဆိုပြီး ရေးသားထားခဲ့ပါတယ်။

source: ‪ဝေဠုကျော်‬ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။