သင်တို့သာသူ့နေရာမှာဆိုရင်ကော ဒီလိုပြုံးပြုံးလေးသေသွားနိုင်ပါ့မလား။ ငယ်ငယ်ရွယ်ရွယ်နဲ့ မကြာခင် လောကကြီးနဲ့ ကိုယ်ချစ်တဲ့သူတွေကို အပြီးတိုင်နှုတ်ဆက်ရတော့မယ်ဆိုတာသိတဲ့အချိန် သင့်ရဲ့နောက်ဆုံးဆုံးဖြတ်ချက်က ဘယ်လိုဖြစ်မှာလဲ။ 

ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းက Davao မြို့မှာနေထိုင်တဲ့ Racine Pregunta အမည်ရကောင်မလေးဟာ အသက်၂ဝအရွယ်သာရှိသေးပြီး အရိုးကင်ဆာဝေဒနာကို အောက်တိုဘာလ ၂၀၁၆ခုနှစ်တည်းက ခံစားနေရတာဖြစ်ပါတယ်။ မကြာခင်သေရတော့မယ်ဆိုတာကို သူ့ကိုယ်သူသိနေတဲ့ Racine ဟာ သူမရဲ့မိသားစုကို တောင်းဆိုမှုတစ်ခု ပြုလုပ်ခဲ့ပါတယ်။ အဲဒါကတော့ သူမရဲ့နောက်ဆုံးနှုတ်ဆက်ခရီးကို အလှပဆုံးပြင်ဆင်ခွင့်ပါ။

Racine ရဲ့ဆန္ဒအတိုင်း သူမကဲ့အစ်မနဲ့မိသားစုဟာ Racineကို အခေါင်းထဲမှာ အလှဆုံးဖြစ်နေအောင်ပြင်ဆင်ပေးခဲ့ပါတယ်။ သေဆုံးပြီး Racine ဟာ လှပတဲ့ဂေါင်ဝန်အဖြူလေး၊ ခေါင်းမှာဝေနေတဲ့ပန်းတွေနဲ့ ပြုံးပြုံးလေး သူမကို ဝမ်းပန်းတနည်း လာရောက်ပို့ဆောင်သူတွေကို နှုတ်ဆက်နေတာကိုတွေ့ရမှာပါ။ နာကျင်လွန်းလှတဲ့ ကင်ဆာဝေဒနာကနေ လွတ်မြောက်ပြီး နောင်ဘဝမှာလဲ ကျန်းကျန်းမာမာအသက်ရှည်နိုင်ပါစေလို့ Racine အတွက် ဆုတောင်းပေးလိုက်ပါတယ်။

Source : viral4real

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။