အာဖရိကနိုင်ငံများဖလားပြိုင်ပွဲ ဗိုလ်လုပွဲကို အီဂျစ်နိုင်ငံမှာ ဒီနေ့မနက်အစောပိုင်း ယှဉ်ပြိုင်းကစားရာမှာ အယ်လ်ဂျီယားအသင်းက ဆီနီဂေါကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိသွားပါတယ်။အာဖရိကနိုင်ငံများဖလား ဗိုလ်လုပွဲမှာ ဆီနီဂေါအသင်းက ဘောလုံးပိုင်ဆိုင်မှု အပြတ်အသတ် ၆၄ ရာခိုင်နှုန်းအထိ အသာစီးယူကစားနိုင်ခဲ့ပေမယ့် ပထမပိုင်း ပွဲစစချင်း သွင်းဂိုးနဲ့ ရှုံးနိမ့်ခဲ့တာပါ။
ဂိုးပေါက်ကန်သွင်းခွင့်မှာတော့ အယ်လ်ဂျီးယားအသင်းက ပိုမို အခွင့်အရေးရရှိခဲ့ပြီး တလုံးတည်းသော အနိုင်ဂိုးကို ပွဲကစားချိန် ၂ မိနစ်မှာ ဘက်ဂျ်ဒက် ကန်သွင်းတဲ့ ဘောလုံး ဆီနီဂေါ နောက်ခံလူ ခြေထောက်နဲ့ ထိပြီး ဂိုးဝင်သွားခဲ့တာပါ။ ဆီနီဂေါ်ပရိသတ်တွေအတွက် အဆိုပါဂိုးက အသည်းခဲဂိုးဖြစ်ခဲ့ပြီး ဆီနီဂေါ်ပရိသတ်တွေအတွက်နာကျည်းစရာဖြစ်ခဲ့ပါတယ်။
ဆီနီဂေါအသင်း အာဖရိကနိုင်ငံများဖလားပြိုင်ပွဲ ဖိုင်နယ်မှာရှုံးနိမ့်ခဲ့ပေမယ့် သမ္မတအပါအဝင် ပြည်သူတွေက သူရဲကောင်းတွေလို ဂုဏ်ပြုကြိုဆိုခြင်းကို ခံလိုက်ရပါတယ်။ ဆီနီဂေါသမ္မတဖြစ်သူမက်ကီဆောလ်ကိုယ်တိုင် လာကြိုခဲ့ပြီး အသင်းသားတွေနဲ ပြည်သူတွေအနေနဲ့ စိတ်မကောင်းမဖြစ်ဖို့ ပြောကြားခဲ့ပါတယ်။
SOURCE: THE SUN
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။