မကြာခဏဖြစ်ပေါ်နေတဲ့ ယာဉ်တိုက်မှုတွေထဲမှာ နေပြည်တော် - ရန်ကုန် အမြန်လမ်းမကြီးပေါ်က သတင်းတွေကတော့ အများဆုံးဖြစ်တယ်ဆိုတာအားလုံးလည်း သိပြီးဖြစ်မယ်ထင်ပါတယ်။ ယာဉ်တိုက်မှုတွေထဲမှာ ဆိုးရွားတဲ့ယာဉ်တိုက်မှုများစွာရဲ့ အဓိကဖြစ်စဉ်တွေကတော့ စည်းကမ်းမဲ့မောင်းနှင်မှုတွေနဲ့ သဘာဝဘေးဒုက္ခတွေကြောင့် အဖြစ်များလေ့ရှိတာတွေ့ရပါတယ်။ အဆိုပါ ယာဉ်တိုက်မှုတွေကြောင့် သေကြေမှုတွေနဲ့အတူ ဆုံးရှုံးမှုများစွာကတော့ မကြာခဏဆိုသလိုဖြစ်ပေါ်လျှက်ရှိတာတွေ့ရပါတယ်။    

ဇူလိုင်လ ၂၂ရက်နေ့ ဒီကနေ့ နေ့လည် ၁၁ နာရီ ၁၅ မိနစ်အချိန်ခန့်မှာလည်း ရန်ကုန်- မန္တလေးအမြန်လမ်းမကြီး မိုင်တိုင် အမှတ် ( ၁၄၃/၄နှင့် ၅ အကြားတွင် ယာဉ်တိုက်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။ ဖြစ်စဉ်နဲ့ပတ်သက်ပြီး "နေပြည်တော်ဘက်မှ ရန်ကုန်ဘက်သို့မောင်းနှင်လာသော Faw ကား (အပြာရောင်)အား probox (အဖြူရောင်)သည် နောက်မှဝင်ရောက် တိုက်မိမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ဗောဓိကုန်းအမြန်လမ်း မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ရာ Probox ယာဉ်ပေါ်ပါ ကျား (၂)ဦး၊ မ (၃)ဦး၊ စုစုပေါင်း (၅)ဦးအနက် မ(၁)ဦးသေဆုံးပြီး ကျား(၁)ဦး၊ မ(၁)ဦး ဒဏ်ရာရ(စိုးရိမ်ရ)" ဖြစ်ခဲ့ကြောင်း သိရပါတယ်။  

အဆိုပါ ယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် ဒဏ်ရာရရှိသူများကို လက်ရှိ နာရေးကူညီမှုအသင်း(တောင်ငူ)နှင့် ရှင်ရေးကူညီမှုအသင်းမှ လူနာတင်ယာဉ်များဖြင့် တောင်ငူပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးထားကြောင်း သိရပါတယ်။ အရှိန်လွန်ကာ တိုက်မိခဲ့တဲ့ Probox ယာဉ်နှင့် အမြန်လမ်းမကြီးဥပဒေ အရ ဖြတ်သန်းသွားလာခွင့် မရှိသည့်. Lifan. ယာဉ် အား အရေးယူ နိုင်ရေး အတွက်စစ်ဆေးလျှက်ရှိကြောင်း သိရပါတယ်။

source - အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံး

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။