နိုင်ငံကျော်ဘောလုံးသမား ဒေးဗစ်ဘတ်ခမ်းဆိုရင် မသိတဲ့လူမရှိပါဘူး။ ဘတ်ခမ်းဟာ မိသားစုအပေါ်တော်တော်ချစ်ခင်တဲ့ အိမ်ထောင်ဦးစီးတစ်ယောက်ဖြစ်ပါတယ်။ သူတတ်တဲ့ ပွဲတိုင်းလိုလိုမှာလည်း မိသားစုနဲ့သာ အများဆုံးပွဲတတ်ပြီး သားသမီးနဲ့မိသားစုအပေါ်ချစ်ခင်မြတ်နိုးမှုဟာ သူအတွက် ပထမဦးစားပေးမှုပဲ ဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက်နဲ့ ရီးယဲမက်ဒရစ် ကစားသမားဟောင်း ဖြစ်သူ ဒေးဗစ်ဘတ်ခမ်း ဦးဆောင်တဲ့ မီယာမီကလပ်ဟာ မေဂျာလိဂ်ရဲ့ 25 ခုမြောက် တရားဝင် ကလပ်အအဖြစ် မကြာမီက ပိုင်ဆိုင်ခဲ့ပါတယ်။ ဒါ့အပြင် ဥရောပမှာ နာမည်ကြီးနေတဲ့ ကစားသမား အချို့ဟာလည်း ဒေးဗစ်ဘတ်ခမ်းရဲ့ အသင်းကို လာရောက် ကစားလိုစေခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တတ်ကစားသမားဟောင်း ဒေးဗစ်ဘတ်ခမ်းကတော့ ယခုမှာ မိသားစုနဲ့အတူ အပန်းဖြေစခန်းမှာ အနားယူနေပါတယ်။ သူရဲ့ ရုပ်ရည်အရည်အချင်းတွေကြောင့် ပရိသတ်တွေကြားအမြဲရေပန်းစားနေတဲ့ ဒေးဗစ်ဘတ်ခမ်းဟာ သူရဲ့ instagramမှာလဲ အမြဲလူစည်လျက်ရှိပါတယ်။ ချစ်ပရိသတ်တွေအတွက် ဒေးဗစ်ဘတ်ခမ်းတို့မိသားစုရဲ့ ပျော်ရွှင်စရာပုံလေးကိုဖော်ပြပေးလိုက်ပါတယ်။

source: aဒးဗစ်ဘတ်ခမ်းအင်စတာဂရမ်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။