မေသန်းနုကို ၁၉၆၁ခုနှစ်၊ ဇန်နဝါရီလ၊ ၂ရရက်နေ့ တွင်မြိတ်မြို့၊တနင်္သာရီတိုင်း၌ မွေးဖွားခဲ့သည်။ အမည်ရင်းမှာ သန်းသန်းဆင့် ဖြစ်သည်။၁၉၈၁ခုနှစ် ဝန်းကျင်တွင် အစ်မဖြစ်သူ၏ ရောဂါကိုကုသရန်အတွက် ရန်ကုန်မြို့သို့ စတင်ရောက်ရှိလာခဲ့သည်။ ဗိုလ်ချုပ်ဈေးတွင် လှသူဇာ အလှပြင်သင်တန်းတတ်ရင်း ကြည့်မြင်တိုင်ရှိ စကားဝါရုံးတွင် အလုပ်ဝင်လုပ်ခဲ့သည်။ (၁/၈၄) ရုပ်ရှင်သင်တန်းမှတစ်ဆင့် သင်္ကြန်မိုး ရုပ်ရှင်ဇာတ်ကားကြီးတွင် ခင်သန်းနု၏ သမီးနေရာမှ သရုပ်ဆောင်ရန် ရွေးချယ်ခံရပြီး ရုပ်ရှင်လောကသို့ စတင်ဝင်ရောက်ခဲ့သည်။ စိန်လိုက်လေကြာသလားလို့ ရုပ်ရှင်ဇာတ်ကားတွင် ခေါင်းဆောင်မင်းသမီးအဖြစ် ပထမဦးဆုံးပါဝင်သရုပ်ဆောင်ရင်း ရုပ်ရှင်ဇာတ်ကားပေါင်းများစွာရိုက်ကူးခဲ့သည်။ ၁၉၉၂ခုနှစ်တွင် မူပိုင်ချစ်သူရုပ်ရှင်ဇာတ်ကားဖြင့် အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆုကို ဆွတ်ခူး ရရှိခဲ့ပြီး ၁၉၉၅ခုနှစ်တွင် ပုဂံမှာသာတဲ့လ ရုပ်ရှင်ဇာတ်ကားဖြင့် လည်းကောင်း ၁၉၉၆ခုနှစ်တွင် အလင်းဖျော့ကောင်းကင် ဖြင့်လည်ကောင်း ၂၀၀၁ခုနှစ်တွင် ချစ်ခြင်း၏အခြားမဲ့၌ ဖြင့်လည်းကောင်း အမျိုးသမီး ဇာတ်ဆောင်ဆုလေးဆု ဆွတ်ခူးရရှိခဲ့သည်။ ၂၀၀၂ခုနှစ်တွင် ငါ သူတစ်ပါး ယောက်ကျား မိန်းမ ရုပ်ရှင်ဇာတ်ကားကြီးဖြင့် အမျိုးသမီး ဇာတ်ပို့ဆုရရှိခဲ့သည်။ ယနေ့အချိန် အထိ ကျရာ ဇာတ်ရုပ်များမှာ ပါဝင် သရုပ်ဆောင်နေဆဲဖြစ်ပြီး ရုပ်ရှင်နှင့် ဆက်စပ်သည့် စီပွားရေးလုပ်ငန်းများကိုလည်း လုပ်ကိုင်လျက်ရှိသည်။

Source: မေသန်းနုအကြောင်း စွယ်စုံကျမ်း

AYK

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။