ထက်ထက်ထွန်းဟာ Miss ပြိုင်ပွဲ စင်မြင့်တွေထက်ကနေ ပရိသတ် သတ်ရင်ထဲကို ရောက်ရှိလာတဲ့ အလှမယ်လေးတစ်ဦးဖြစ်ပြီး ယခုမှာသရုပ်ဆောင်လောကထဲကို ဝင်ရောက်လာသူဖြစ်ပါတယ်။ ပိုးကြာဖြူခင်ကတော့ mrtv 4ဇာတ်လမ်းတွဲတွေမှာသရုပ်ဆောင်ရင်း ပရိသတ်အခိုင်မာရရှိထားတဲ့ အနပညာရှင်တစ်ယောက်ဖြစ်ပါတယ်။

ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိနေကြတဲ့ ထက်ထက်ထွန်းနဲ့ ပိုးကြာဖြူခင်ကတော့ ခင်မင်ရင်နှီးကြတဲ့ ချစ်သူငယ်ချင်းတွေဖြစ်ပါတယ်. ပိုးကြာဖြူခင်ကတော့ "သူ့ကို(ထက်ထက်ထွန်း)အရမ်းဖြစ်စေချင်တာ နိုင်ငံခြားမှာလည်းရစေချင်တာ သူဆုရတဲ့ပွဲတုန်းကဆိုရင် ကိုယ်ကမအိပ်နိုင်ဘူး ဖုန်းထဲကနေကြည့်ပြီး" လို့ပြောလာပါတယ်။

ထက်ထက်ထွန်း"ပိုးကြာဖြူခင်က အေးသာအေးတယ် သူငယ်ချင်းအချင်းချင်းပြောတဲ့ နေရာမှာတော့ လိုရာရောက်ပါတယ် ပေါင်းသင်းဆက်ဆံရေးမှာတော့ အဆင်ပြေတယ်" ဆိုပြီး ပြောလာခဲ့ပါတယ်။ ချစ်ပရိသတ်တွေအတွက် သူငယ်ချင်းနှစ်ယောက်ရဲ့ ဆက်ဆံရေးကို ပြောပြလာတဲ့ ထက်ထက်ထွန်းနဲ့ ပိုးကြာဖြူခင်ရဲ့ ဗီဒီယိုလေးကို ဖော်ပြပေးလိုက်ပါတယ်။

source: myanmarload tv

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။