မူးယစ်ဆေးဝါးသုံးဆွဲမှုနဲ့ပတ်သက်ပြီး ပြည်တွင်း လှုပ်ရှားမှုနဲ့ ကြိုတင်ကာကွယ်မှုတွေကို ပိုမိုလုပ်ဆောင်လျှက်ရှိတာတွေ့ရပါတယ်။ Mae Sot - Myawaddy ( BLO:Border Liaison Office) ရဲ့ ၂၀၁၉ ခုနှစ်ရဲ့ပထမအကြိမ် နှစ်နိုင်ငံ မူးယစ်ဆေးဝါးနှိမ်နင်းရေးဆွေးနွေးပွဲကို နှစ်နိုင်ငံမူး ယစ်ဆေးဝါးနှိမ်နင်းရေးအဖွဲ့တွေဟာ ဒီကနေ့ ဇူလိုင် ၂၃ရက်နေ့က မဲဆောက်မြို့မှာဆွေးနွေးခဲ့ကြကြောင်း သိရပါတယ်။  

အခုလိုဆွေးနွေးကြရတာဟာ ဘန်ကောက်သွားတဲ့ အဝေးပြေးလမ်ရဲ့ ချိုင်နတ်မြို့အနားမှာ အိုက်စ် ၂ဒဿမ၅ တန်ကိုဖမ်းဆီးရမိပြီးနောက်အဖမ်းခံရသူက မဲဆောက်ကနေ သယ်ဆောင် သွားတယ်လို့ ထွက်ဆိုသွားတာကြောင့်ဖြစ်ပါတယ်။ ယာဘနဲ့အိုက်စ်တွေဟာ မြဝတီ မဲဆောက်လမ်းကြောင်းကနေ ထိုင်းဖက်ကိုဝင်လာနေရတာဟာ ထိုင်း မြောက်ပိုင်းကချင်းမိုင်နဲ့ချင်းရိုင် ခရိုင်တွေဖက်မှာ ထိုင်းမူးယစ်ဆေးဝါးနှိမ်နင်းရေးတပ်ဖွဲ့တွေ နဲ့တခြား ပူးပေါင်းအဖွဲ့အစည်းတွေရယ်၊ဒေသခံကျေးရွာလုံခြုံရေးတွေပူးပေါင်းပြီးပိုက်စိပ်တိုက်မူးယစ်ဆေးဝါးနှိမ်နင်းရေးဆောင်ရွက်နေတာကြောင့်လမ်းကြောင်းပြောင်းလာတာဖြစ်တယ်လို့တာခ်ခရိုင်မူးယစ်ဆေးဝါးနှိမ်နင်းရေးဌာနကပြောပြခဲ့ပါတယ်။ 

ဒါပေမယ့်လည်း မြန်မာနိုင်ငံ မြဝတီမြို့နယ်ထဲမှာ ဘိန်းစိုက်ပျိုးမှုမရှိဘဲ ဘိန်းတွေကို မြန်မာ တရုတ် နယ်စပ် ဘက်မှာ အစိုက်များကြောင်း၊ယာဘနဲ့ယာအိုက်စ်ပြုလုပ်တဲ့ဓာတုပစ္စည်းတွေ အိန္ဒိယနယ်စပ်ကနေဝင်တာ ဖမ်းမိတာတွေရှိနေပြီး ယာဘနဲ့ယာအိုက်စ်တွေကိုလည်းမြန်မာ တရုတ်နယ်စပ်ကနေဝင်လာ တာတွေ ကိုမြန်မာနိုင်ငံမှာလည်းဖမ်းမိတာတွေရှိတယ်လို့မြဝတီ BLO က ရဲဗိုလ်မှူး မင်းအောင်မြင့်ဦးက ဆွေးနွေးပွဲမှာပြောပြသွားခဲ့ပါတယ်။ ဒီကနေ့ ကျင်းပပြုလုပ်ခဲ့တဲ့ ထိုင်း - မြန်မာ နှစ်နိုင်ငံ မူးယစ်ဆေးဝါးပူးပေါင်းနှိမ်နင်းရေး ညှိနှိုင်းဆွေးနွေးပွဲကျင်းပပုံရိပ်အချို့ကို မျှဝေပေးလိုက်ပါတယ်။

source - BBC Burmese

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။