မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်ကော်မတီမှ ကြီးမှူးကျင်းပသည့် MPT Myanmar National League (U-18) 2019 အမှတ်ပေးဘောလုံးပြိုင်ပွဲ၏ ရာသီပိတ်နောက်ဆုံးပွဲစဉ်နှင့် ချန်ပီယံဆုဖလား ချီးမြှင့်ပွဲ အခမ်းအနားကို ဇူလိုင်လ ၂၅ ရက်တွင် ပဒုမ္မာကွင်း၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ပါတယ်။ပွဲစဉ်(၁၃) အပြီးတွင် ISPE FC လူငယ်အသင်းနှင့် မြဝတီအက်ဖ်စီလူငယ်အသင်းတို့က ရမှတ် (၃၇) မှတ်စီဖြင့် အဆင့်(၁) နှင့် အဆင့် (၂) နေရာများတွင် ရပ်တည်လျက်ရှိသကဲ့သို့ ရာသီပိတ်နောက်ဆုံး ပွဲစဉ်တွင်လည်း အဆိုပါ နှစ်သင်း ထိပ်တိုက်တွေ့ဆုံနေပါတယ်။

ထို့ကြောင့် ချန်ပီယံဆု အဆုံးအဖြတ် ပွဲစဉ်အဖြစ် ယှဉ်ပြိုင်သွားရမည့် ISPE FC နှင့် မြဝတီအက်ဖ်စီပွဲစဉ်အပြီး ဆုပေးပွဲ အခမ်းအနားကို ပဒုမ္မာကွင်း၌ ဆက်လက်ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသဖြင့် အဆိုပါ ပွဲစဉ်သို့ အားကစား ၀ါသနာရှင် ပရိသတ်များ လာရောက်အားပေးကြည့်ရှုနိုင်ပါကြောင်းနှင့် သတင်းမီဒီယာများလည်း တက်ရောက် သတင်းရယူနိုင်ပါကြောင်း ဖိတ်ကြားအပ်ထားခဲ့ပါတယ်။

၂၀၁၉ မြန်မာနေရှင်နယ်လိဂ် ယူ-၁၈ နောက်ဆုံးအပတ် ပွဲစဉ် (၁၄) ကို ဇူလိုင်လ ၂၅ ရက်တွင် သက်ဆိုင်ရာကွင်းများအလိုက် ကျင်းပသွားမည်ဖြစ်ပြီး စလင်းကွင်း၌ ချင်းယူနိုက်တက်နှင့် မောရဝတီ၊ ပဒုမ္မာကွင်း၌ မြဝတီနှင့် ISPE ၊ တောင်ဒဂုံကွင်း၌ ရွိုင်ရယ်သန်လျင်နှင့် ငွေကြယ်ပွင့်လေးများ၊ ယူနီဗာစတီကွင်း၌ ယူနီဗာစတီနှင့် ကချင်ယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပါတယ်။

source: MYANMAR NOATIONAL LEAGUE

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။