အဆိုတော် R ဇာနည် မိသားစုရဲ ့မွန်မြတ်တဲ့အလှူ

နို်င်ငံကျော် တေးသံရှင် R ဇာနည်တို ့မိသားစုဟာ အဝါရောင်မျိုးဆက်သစ်အဖွဲ့ - Yellow Generation Wave မှ သံဃာတော်များ ဦးစီးပြီး လပွတ္တာမြို့တွင်

တည်ထောင်ဖွင့်လှစ်ထားတဲ့ Y.G.W မိဘမဲ့ကလေးစောင့်ရှောက်ရေး ကျောင်းအတွက် ငွေ ၁၀ သိန်း လှူဒါန်းခဲ့ခြင်းဖြစ်တယ်လို ့သိရှိရပါတယ်။

တေးသံရှင် R ဇာနည်က အလှူနဲ ့ပတ်သက်ပြီး “ဒီကနေ့ လှူဒါန်းတဲ့ ငွေ ၁၀ သိန်းက ကမ္ဘာသားတေးစီးရီးကနေ ရရှိလာတဲ့ငွေဖြစ်ပါတယ်။ ကျနော်တို့က မိဘဖြစ်နေပြီ။ ကိုယ့်သားသမီးတစ်ယောက်တောင် မနည်းထိန်းနေရတဲ့အချိန်မှာ ဒီဆရာတော်တွေက ကလေးပေါင်းတစ်ရာကျော်ကို ထိမ်းသိမ်းစောင့်ရှောက်ပြုစုပေးနေတာကို ကြားသိရလို့ ကျောင်းအတွက် လိုအပ်တာတွေအသုံးပြုဖို့ လှူဒါန်းတာပါ” လို ့ပြောသွားခဲ့ပါတယ်။

အဆိုတော် R ဇာနည်မိသားစုဟာ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်ကလည်း ဧရာဝတီတိုင်း သာပေါင်းမြို့နယ်ရှိ ရေရှားဒေသများတွင် အဝီစိတွင်းများ ဆောက်လုပ်

လှူဒါန်းခြင်း၊ ကမ်းပြိုမှုရင်ဆိုင်နေရသည့် လေးမျက်နှာမြို့နယ် အိုင်သပြုကျေးရွာတွင် နေအိမ်များ ဆောက်လုပ်လှူဒါန်းသည့် ပရဟိတလုပ်ငန်းများ လုပ်ဆောင်ခဲ့သေးကြောင်း သိရှိရပါတယ်။

အဆိုတော် R ဇာနည်ကို အားပေးကြတဲ့ ပရိသတ်ကြီးအတွက် ကြည်နူးဖွယ်ကောင်းတဲ့ အလှူအတန်းပုံရိပ်လေးတွေကို အခုလိုပဲတင်ဆက်ပေးလိုက်ပါတယ်။

Source: The Irrawaddy

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။