ပြီးခဲ့တဲ့ရက်ပိုင်းက ကုလသမဂ္ဂရဲ့ နျူကလီးယား စောင့်ကြည့်ရေးအဖွဲ့ရဲ့ အကြီးအကဲ ယူခိယာအာမာနိဟာ ကွယ်လွန်သွားခဲ့ပြီလို့ သိရပါတယ်။

သူကတော့ လက်ရှိအချိန်မှာ အသက် ၇၂ နှစ်အရွယ်ရှိနေပြီဖြစ်ပြီး ဂျပန်နိုင်ငံမှာ မွေးဖွားကြီးပြင်းခဲ့တဲ့ ဂျပန်နိုင်ငံသား တဦးပဲဖြစ်ပါတယ်။

သူဟာ ပြီးခဲ့တဲ့ ၂၀၀၉ ခုနှစ်ထဲက IAEA အဖွဲ့ရဲ့ ဒါရိုက်တာချုပ်ရာထူးကိုစတင်ထမ်းဆောင်ခဲ့သူပဲဖြစ်ပါတယ်။

သို့ပေမယ့်သူဟာ လက်ရှိအချိန်မှာ ကျန်းမာရေးအခြေအနေကြောင့် ရာထူးကနေ အနားယူဖို့ ပြင်ဆင်နေတာဖြစ်သလို ပြင်ဆင်နေတဲ့အချိန်အတွင်းမှာပဲ ကွယ်လွန်သွားခဲ့တာပဲဖြစ်ပါတယ်။

သူ့ရဲ့သေဆုံးမှုကိုတော့ သူတာဝန်ထမ်းဆောင်တဲ့ နိုင်ငံတကာ အဏုမြူစွမ်းအင် အေဂျင်စီ ( IAEA ) ကထုတ်ပြန်ကြေညာခဲ့တာပဲဖြစ်ပါတယ်။

သို့ပေမယ့် သူဘာကြောင့် သေဆုံးရသလဲဆိုတာကိုတော့ အတိအကျထုတ်ပြန်ပြောကြားခဲ့ခြင်း မရှိဘူးလို့ သိရပါတယ်။

SOURCE- The New York Times

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။