ပြီးခဲ့တဲ့ရက်ပိုင်းက စင်ကာပူနိုင်ငံအတွင်းမှာ တရားမဝင်တွေ များစွာဖမ်းမိခဲ့တယ်လို့ သိရပါတယ်။

ဖမ်းမိခဲ့တဲ့ဆင်စွယ်အလေးချိန်ဟာဆိုရင်လည်း ၉ ဒသမ ၇ တန်လောက်ရှိတာကြောင့် ဒါဟာ စင်ကူပူနိုင်ငံထဲမှာ စံချိန်တင်ဖမ်းမိတဲ့ အရေအတွက်ဖြစ်တယ်လို့သိရပါတယ်။

၎င်းဆင်စွယ်တွေကတော့ ကွန်ဂိုနိုင်ငံကနေ ရောက်ရှိလာခဲ့တာဖြစ်တယ်လို့သိရပါတယ်။

ဒါ့အပြင် ၎င်းဆင်စွယ်တွေဟာ စင်ကာပူနိုင်ငံကနေတစ်ဆင့် ဗီယက်နမ်နိုင်ငံကို မှောင်ခိုတင်ပို့ဖို့ စီစဉ်ထားတဲ့ ဆင်စွယ်တွေဖြစ်သလို တန်ကြေးအနေနဲ့ အမေရိကန်ဒေါ်လာ ၁၂ ဒသမ ၉ သန်းဝန်းကျင်လောက် တန်ကြေးရှိတယ်လို့ သိရပါတယ်။

ဒါ့အပြင်စင်ကာပူ တာဝန်ရှိသူတွေဟာ ဆင်စွယ်တွေကိုသာ ဖမ်းမိခဲ့တာမဟုတ်ဘဲ ၁၃ တန်ကျော်လောက်အလေးချိန်ရှိတဲ့ သင်းခွေချပ် အကြေးခွံတွေကိုလည်း ဖမ်းမိခဲ့သေးတယ်လို့ သိရပါတယ်။

၎င်းသင်ခွေခြပ် အကြေးခွံတွေရဲ့ တန်ကြေးကတော့ အမေရိကန်ဒေါ်လာ ၃၅ ဒသမ ၇ သန်းလောက်တန်ကြေးရှိတယ်လို့ သိရပါတယ်။

SOURCE – THE GUARDIAN

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။