မုဒိန်းကောင် မျိုးဇော်ထွေးကို အမှုကပေါ့စေရန် ရဲနဲ့ပူးပေါင်းမှုတွေလုပ်နေတယ်တဲ့ ဝိုင်းShareပေးကြပါနော် ပခုက္ကူမြို့က မုဒိန်းကောင် မျိုးဇော်ထွေးကို ဖမ်းဆီးထိန်းသိမ်းထားတဲ့ မြို့မရဲစခန်းဟာ မုဒိန်းကောင်ကို အမှု့ပေါ့စေဖို့ မသိမသာရော သိသိသာသာပါ အားပေးနေတယ်လို့ မနေ့က မြို့ခံတစ်ချို့ရဲ့ စွပ်စွဲချက်တွေ အွန်လိုင်းပေါ်မှာ ပြန့်နှံနေပါတယ်ရှင့်။

မဖြစ်ပါစေနဲ့ တရားကို နတ်စောင့်မှာပါလို့ အတန်တန် ဆုတောင်းမိပေမဲ့ သံသယဖြစ်စရာ တစ်ချို့တွေ့နေရတာ ကေ တာ့…………….

၁။ တရားခံ မျိုးဇော်ထွေးဟာ ရဲကဖမ်းမိပါပြီလို့ ပြောတဲ့အချိန်အထိ သူ့ဖေ့စ်ဘုတ်ပေါ်မှာ နောက်ကျော ဓါးနဲ့ အထိုးခံရေ လပြီဆိုပြီး ပို့စ်တင်နိုင်ခဲ့သလို အောက်က ကွန်မန့်ဘောက်စ်မှာ လာမေးသမျှ လူတွေကိုလည်း အေးအေးလူလူ စာပြန်ေ နနိုင်ခဲ့သေးတာကို လူအများတွေ့ရှိကြရပါတယ်။

၂။ မျိုးဇော်ထွေးစီးတဲ့ ကားကို without ကားပါဆိုပြီး စခန်းက ဖမ်းဆီးထားတဲ့ကိစ္စ။

၃။ တရားလို ဘဝဖျက်ခံ ညီမလေးကို မျိုးဇော်ထွေးရဲ့နေအိမ် အိပ်ယာပေါ်မှာ ဖရိုဖရဲ အဓမ္မပြုကျင့်ခံထားရတဲ့ အနေအ ထားနဲ့ ဝိုင်းဝန်းကယ်ထုတ်ခဲ့ရပေမဲ့ ကလေးမ ကရောင်ကတမ်းနဲ့ သမီးကို ကယ်ပါနော်လို့ ပြောဆိုခဲ့ပါတယ်လို့ သက်ေ သတွေ အများကြီး အသံဖိုင်တွေ ရှိခဲ့ရဲ့နဲ့ အလိုတူ အလိုပါပါလို့ အွန်လိုင်းပေါ် ပို့စ်တင် ပြန့်နှံလာတဲ့ ကိစ္စ။

၄။ ရဲစခန်းမှာ အစစ်ခံတော့ တရားလိုရဲ့ ဂုဏ်သိက္ခာအတွက် ဓါတ်ပုံတွေကို မျက်နှာဖျက်ပေးဖို့ တရားလိုရဲ့ အမည်နေရပ် မဖေါ်ဖို့ တောင်းဆိုခဲ့ စစ်ချက်အကုန်ပေးခဲ့ပေမဲ့ တရားလိုတောင် ကိုယ့်စစ်ချက်ကို မိတ္တူကူးလို့ ဓါတ်ပုံရိုက်လို့ မရပါဘူး ဒါ လှို့ဝှက်ပါလို့ ပြောဆိုတားဆီးခဲ့ပေမဲ့ မနေ့ကစလို့ ဂျာနယ်တစ်ခုမှာ အဲ့ဒီ့ရဲစစ်ချက်ကြီး ထွက်ပေါ်လာခဲ့သလို ကလေးမရဲ့ နေရပ်ပါ ပေါ်ထွက်လာတဲ့ကိစ္စ။

၅။ မနေ့က တနေကုန် သူ့ကိုပို့စ်တင်တိုက်ခိုက်သူတွေကို ၆၆ ဃ နဲ့တရားစွဲပေးဖို့ တရားလိုက ရဲစခန်းမှာ ၄ နာရီ ထိုင်ေ စာင့်ခဲ့ပေမဲ့ စခန်းမှူး ဘယ်ရောက်နေမှန်း မသိခဲ့လို့ ပြန်လာရတဲ့အဖြစ်။

၆။ အခုအချိန်အထိ မြို့ခံတွေထဲမှာ မုဒိန်းကောင်ကို လူကောင်းပါလို့ ဇွတ်အတင်းမျက်စိမှိတ် ငြင်းနေ ယုံကြည်နေသူများ အများအပြား ရှိနေပါသေးကြောင်း ပခုက္ကူက မြို့ခံတစ်ချို့ရဲ့ ပြောကြားချက်များ။

အားလုံးကို ခြုံငုံကြည့်တဲ့အခါ တရားစွဲဆိုနိုင်ဖို့ တရားလိုအနေနဲ့ အမှု့ရင်ဆိုင်နေတဲ့ ညီမလေးဟာ အတော် အန္တာ ရာယ် များတဲ့ အနေအထားမှာ ဖြစ်နေပြီး သူ့ဘေးနားမှာ ဒီကိစ္စကို အမျိုးသားရေးအနေလို့ ရှု့မြင်ပြီး စွမ်းစွမ်းတမံ လိုက်ပါဆော င်ရွက်ပေးနေတဲ့ သူ့အမျိုး ဦးဇင်းတစ်ပါးမှ လွဲ အဝေးက ကျွန်မတို့ကလွဲပြီး ဘယ်သူမှ ကူညီမဲ့သူ မရှိပါလို့ ကလေးမရဲ့ မောင်လေးဆီက သိရှိရပါတယ်ရှင့်။

မြန်မာပြည်မှာ မုဒိန်းကောင်ကို သက်သေအစုံအလင်ပြပြီး ဖမ်းခိုင်းခဲ့ရဲ့သားနဲ့ ဖမ်းဖို့လဲ အတော်ကြိုးစားခဲ့ကြရဲ့သားနဲ့ အခုတော့ အနီပါ အစိမ်းပါနဲ့ ၃၇၆ မုဒိန်းမှု့ကို ပါတီ ၂ ခု အားပြိုင်ကောင်းတာ ကြားထဲက မုဒိန်းကောင် လွတ်ဖို့ဖြ စ်ေ နပါတယ်ရှင့်။

ဒါ နိုင်ငံရေး မဟုတ်ပါဘူး။ ဒါ အမျိုးသားရေးပါ။ ကိုယ့်လူမျိုး အမျိုးကောင်းသမီးလေးတွေ တစ်ယောက်မက နှစ်ယောက်မ က အညွှန့်ချိုး ဖျက်ဆီးခံရတဲ့ကိစ္စပါ။ အခုအခြေအနေမှာ မုဒိန်းကောင်လွတ်သွားလို့ မဖြစ်ပါဘူး။ လွတ်သွားခဲ့ရင် အမှု့ေ ဖါ်မဲ့ ဖေါ်နေတဲ့ကလေးမတွေ အသက်အန္တာရာယ် စိုးရိမ်ရပါတယ်ရှင့်။

ဒါကြောင့် NLD ဘဲဖြစ်ဖြစ် ကြံ့ခိုင်ရေးဘဲ ဖြစ်ဖြစ် မဘသဘဲ ဖြစ်ဖြစ် တစညဘဲ ဖြစ်ဖြစ် ဥပဒေပညာရှင်တွေနဲ့ လူမှု့ရေး အသင်းအဖွဲ့တွေ ပခုက္ကူက မြို့မိ မြို့ဖတွေ နစ်နာသူ ကလေးမကို အမြန်ဆုံး ပူးပေါင်း ဝိုင်းဝန်းကူညီကြပါလို့ မေတ္တာရ ပ်ခံပါတယ်ရှင့်။

ဆက်သွယ်ရမဲ့ ဖုန်းနံပါတ်တွေ ကျွန်မ ချက်ဘောက်ကတဆင့် လှမ်းပို့ပေးပါ့မယ်။ ဒီပို့စ်ကို သက်ဆိုင်ရာ တာဝန်ရှိ လူကြီး မင်းများလဲ တွေ့မြင်ဖတ်ရှု့ကြပါစေလို့ ဆုတောင်းရင်း………….။ 

သတင်းအရင်းမြစ် ခင်လင်းလင်းဖြူ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။