မိတ်ကပ်ဆိုတာ အံ့ဖွယ်မျက်လှည့်တစ်ခုပါပဲ...တကယ်တော့ မိတ်ကပ်က မိန်းကလေးတွေနဲ့ပဲ ပိုသက်ဆိုင်တာပါ။ သို့သော်လဲ မိန်းကလေးတိုင်း မိတ်ကပ်ကို ကောင်းကောင်း မလိမ်းတက်ကြပါဘူး။ ခုဖော်ပြမဲ့ မိတ်ကပ်ပညရှင်ကတော့ ကြိုက်နှစ်သက်တဲ့ celebrity ပုံစံတွေပြောင်းနိုင်ပြီး ယောကျ်ားလေး မိတ်ကပ်ပညာရှင်တစ်ဦးပဲဖြစ်ပါတယ်။ သူရဲ့မိတ်ကပ်လက်ရာကိုကြည့်ပြီး ကြွေသွားလောက်မယ်နော်။ 

ရုတ်တရက်ကြည့်လိုက်တဲ့အခါမှာတော့ နာမည်ကျော် သရုပ်ဆောင် လိုထင်ထင်နေမိမှာပါ။ တကယ်လို့သူသာ မျက်နှာသာပေါ်တဲ့ Video ကိုတင်လိုက်မယ်ဆိုရင် လူတွေကတော့ တကယ့်အပီအပြင် အံ့သြကုန်ကြတော့မှာပါပဲ။ နုပညာရှင်ပြင်တဲ့ပုံစံကလဲ မိန်းကလေးတွေကြီးပဲဖြစ်တာမို့ သူသာ မိန်းကလေးတစ်ယောက်လို့ ပြင်လိုက်ရင် ယောကျ်ားထုကြီး ဘယ်လိုနေမလဲ။ 

ခုဖော်ပြထားတဲ့ သူရဲ့မိတ်ကပ်အနုပညာရှင်တွေကတော့ Megan Fox, Jennifer Lopez, Cate Blanchett, Drew Barrymore, Madonna, Nicki Minaj, Ariana Grande, Katy Perry, Lucy Liu, Julianne Moore, Gal Gadot, Lady Gaga, Julia Roberts, Dakota Johnson နဲ့ Kylie Jenner တို့ပဲဖြစ်ပါတယ်။ ဖော်ပြသွားတဲ့သူတွေနဲ့ သူရဲ့မိတ်ကပ်ဟာ တူတဲ့သူတွေလဲရှိသလို တူလုနီးပါးတွေလဲရှိပါတယ်။ ဘာပဲဖြစ်ဖြစ်ပါ အဲ့လိုလိမ်းတက်တဲ့ မိတ်ကပ်ကိုတော့ လေးစားရလောက်ပါတယ်။ 

Source : Bloggers Arena 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။