တစ်နေ့ထက်တစ်နေ့ မကြားဝ့ံမနာသာ သတင်းတွေကတော့ နားနဲ့မဆန့်အောင်ပဲနော် ဘော်ဒါတို့ရေ။

မြောက်ဥက္ကလာပမြို့နယ် ရွှေပေါက္ကံ မြို့သစ်တွင် လင်မယားချင်း စကားများ ရန်ဖြစ်ရာမှ တစ်လသားအရွယ် သားကို ဖခင်ဖြစ်သူက ခြေထောက်နှစ်ချောင်း ကိုင်ကာ ကြမ်းပြင်နှင့် ရိုက်သတ်ခဲ့ကြောင်း မြောက်ဥက္ကလာပမြို့နယ် ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။

မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက္ကံမြို့သစ်၊ အမှတ် (၁၅) တိုးချဲ့ရပ်ကွက်တွင် နေထိုင်သည့် အသက် ၂၃ နှစ်အရွယ် နေလင်းထက် (ခ) ဖိုးဖြူသည် ဧပြီလ ၂၁ ရက် ညနေပိုင်းက ဇနီးဖြစ်သူနှင့် စကားများ ရန်ဖြစ်ရာမှ အသက် တစ်လသားအရွယ် သားကို ခြေထောက်နှစ်ချောင်း ကိုင်ကာ ကြမ်းပြင်နှင့် ရိုက်သတ်ခဲ့ကြောင်း အမှုဖွင့်တိုင်ကြားချက်အရ မြောက်ဥက္ကလာပမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။

“သူ့မိန်းမက ကလေးမထိန်းပဲ ဖုန်းသုံးနေလို့ဆိုပြီး စကားများတာ၊ ကလေးနဲ့ မဆိုင်ဘူးလို့ ပြောပြီး ကလေးကို ပြန်လုခဲ့ပေမယ့် အချိန်မမီတော့ဘူး၊ အဲဒါကြောင့် ကလေးမိခင်ကိုယ်တိုင် အမှုဖွင့်တိုင်ကြားခဲ့တာပါ၊ ပြစ်မှုကျူးလွန်သူကို ချက်ချင်းပဲ ဖမ်းဆီးပြီး အရေးယူထားပါတယ်” ဟု မြောက်ဥက္ကလာပမြို့နယ် ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ဖခင်၏ ရိုက်နှက်ခံရမှုကြောင့် အသက် တစ်လအရွယ် အသောကမှာ ဘယ်နောက်စေ့ဖူးရောင်ဒဏ်ရာ၊ ဘယ်မျက်လုံး ညိုမည်းဒဏ်ရာ၊ ဘယ်ပေါင်ရင်း ညိုမည်းဖူးရောင်ဒဏ်ရာ၊ ခါးဆစ်ရိုးကျိုး ဒဏ်ရာများ ရရှိကာ သေဆုံးခဲ့ပြီး 

၎င်း၏ ရုပ်အလောင်းအား မြောက်ဥက္ကလာပ ဆေးရုံကြီးသို့ ပို့ဆောင်ထားရှိကာ ပြစ်မှုကျူးလွန်သူကို ရွှေပေါက်ကံမြို့ နယ်မြေရဲစခန်းက (ပ) ၁၈၃/၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။

သတင်းအရင်းမြစ် The voice news

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။