ပရိသတ်ကြီးရေ အကြွေစေ့ ပိုက်ဆံဆိုတာ ကျွန်တော်မြန်မာနိုင်ငံမှာ ငွေကြေးအဖြစ်တစ်ချိန်က အတော်လေးကိုသုံးစွဲခဲ့ပေမယ့် ယခုအခါမှာတော့ မသုံးစွဲကြတော့ပါဘူး။ ဒါပေမယ့်လည်း တချို့နိုင်ငံတွေမှာတော့ အကြွေစေ့ကိုငွေကြေးအဖြစ်သုံးစွဲလျက်ရှိပြီး ဒီနိုင်ငံတွေထဲမှာလည်း ဂျပန်နိုင်ငံလည်း အပါအဝင်ဖြစ်ပါတယ်။ အခုတစ်ခါဖော်ပြပေးချင်တာကတော့ ဂျပန်နိုင်ငံသားတစ်ဦးရဲ့ အကြွေစေ့အနုပညာအကြောင်းပဲ ဖြစ်ပါတယ်။

ပုံမှန်အားဖြင့် အကြွေစေ့ဆိုတာ မျက်နှာပြင်ညီတဲ့ အပေါ်မှာ ဒေါင်လိုက်အနေအထား တပြားပေါ်တပြားဆင့်တာ အတော်လေးကို ခက်ခဲတယ်ဆိုတာ သိသာလွန်းပါတယ်။ ဒါပေမယ့်လည်း ဒီဂျပန်နိုင်ငံသား ဉာဏ်ကြီးရှင်ကတော့ အကြွေစေ့တွေကို မဖြစ်နိုင်ဘူးဆိုတဲ့ ဘောင်ထဲကနေ ရုန်းထွက်ပြီး ထူးခြားဆန်းပြားစွာလုပ်ပြနိုင်ခဲ့ပါတယ်။ သူ့ရဲ့ အနုပညာလေးတွေကို ပရိသတ်ကြီးခံစားနိုင်စေရန် ပြန်လည်ဝေမျှပေးလိုက်ပါတယ်နော်။

ဒီလို အကြွေစေ့တွေကို မြင်တွေ့ရတဲ့အတိုင်း ပုံဖော်နိုင်တဲ့ပညာဟာ လူ ၁၀ယောက်မှာ ၉ယောက်လောက်တောင် မလုပ်နိုင်တဲ့ ပညာရပ်မို့လို့ အတော်လေးကို ချီးကျူးစရာကောင်းတယ်လို့ ပြောလို့ရပါတယ်။ ပရိသတ်ကြီးအတွက် အခုလိုထူးဆန်းတဲ့ အကြောင်းအရာတွေကို နောက်ပိုင်းလည်း ထပ်မံဝေမျှပေးအုန်းမှာမို့လို့ စောင့်မျှော်ဖတ်ရှုပေးကြပါအုန်းနော်။

Source : Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။