ဒီဖြစ်ရပ်လေးကတော့ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၉ ရက်နေ့က ဂျော်ဂျီယာနိုင်ငံက beauty store တခုနားမှာ ဖြစ်ပွားခဲ့တဲ့ဖြစ်ရပ်လေးတစ်ခုပဲဖြစ်ပါတယ်။

ဖြစ်ပွားခဲ့ပုံကတော့ အသက် 26 နှစ်အရွယ် Karen Lashun Harrison လို့ခေါ်တဲ့အမျိုးသမီးတစ်ဦးဟာ အခြားမိန်းမတစ်ယောက်ရဲ့ beauty store ရှေ့နားမှာ ရန်ဖြစ်တိုက်ခိုက်စဉ် သူမရဲ့ကလေးကို လက်ထဲကလွှတ်ချလိုက်မိတာကြောင့် ကလေးငယ်ဟာ ပြင်းထန်တဲ့ ဒဏ်ရာတွေရရှိပြီး သေဆုံးသွားခဲ့တာပဲဖြစ်ပါတယ်။

ဒီဖြစ်ရပ်ကို မှတ်တမ်းတင်ထားနိုင်တဲ့ ဗီဒီယိုထဲမှာဆိုရင်လည်း မိခင်ဖြစ်သူ အမျိုးသမီးဟာ အခြားအမျိုးသမီးတစ်ဦးရဲ့ တိုက်ခိုက်လာမှုကို ခုခံကာကွယ်ရင်းကနေ ကလေးကိုလွှတ်ချမိလိုက်တာတွေ့ရပါတယ်။

အဲ့ဒီနောက်မှာတော့ သူမတို့နှစ်ယောက် လုံးထွေးသတ်ပုတ်နေတဲ့အောက်မှာ ရောက်နေတဲ့ ကလေးငယ်လေးကို ဘေးနားအမျိုးသမီးတစ်ဦးဟာ ဝိုင်းဝန်းကယ်တင်ဖို့ကြိုးစားခဲ့ကြပေမယ့် ကယ်တင်နိုင်ခဲ့ချိန်မှာ ကလေးငယ်လေးဟာ အင်မတန်ပြင်းထန်တဲ့ ထိခိုက်ဒဏ်ရာတွေကို ရရှိနေပြီးဖြစ်ပါတယ်။

လက်ကလေးရဲ့ ညှစ်လိုက်ရင်တော့ ဒဏ်ရာပြင်းထန်စွာရနိုင်တဲ့ သုံးလအရွယ်ကလေးလေးကို ကတ္တရာလမ်းမပေါ် ပြစ်ချပြီး ခြေထောက်တွေနဲ့ပါ ကန်ထုတ်ခဲ့တာကြောင့် ကလေးငယ်လေးဟာ အသက်ဆက်မရှင်နိုင်ဘဲ ၎င်းဒဏ်ရာတွေနဲ့ပဲ သေဆုံးသွားခဲ့ရတာပဲဖြစ်ပါတယ်။

သက်ဆိုင်ရာရဲဝန်ထမ်းတွေအနေနဲ့ကတော့ မိခင်ဖြစ်သူအမျိုးသမီးနဲ့ ခိုက်ရန်ဖြစ်ပွားသူ အမျိုးသမီး နှစ်ဦးလုံးကို ဖမ်းဆီးအရေးယူထားပေမယ့် သုံးလသားအရွယ်ကလေးငယ်လေးရဲ့အသက်ကတော့ ပေးဆပ်လိုက်ရပြီပဲဖြစ်ပါတယ်။

ကလေးလေးငယ်လေးကိုသေစေလောက်တဲ့ ဒဏ်ရာတွေရရှိခဲ့တာကြောင့် တိုက်ခိုက်မပျက်တဲ့ ၎င်းအမျိုးသမီးနှစ်ဦး တိုက်ခိုက်နေတဲ့ ဗီဒီယိုဖိုင်ကိုလည်း တပါတည်းဖော်ပြပေးလိုက်ရပါတယ်။

Source – Daily Mail

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။