အားကစားနဲ့ပတ်သက်ပြီး ပြည်တွင်း ပြုလုပ်ကျင်းပပေးမှုတွေနဲ့ မျိုးဆက်သစ်လူငယ်မွေးထုတ်မှုတွေကတော့ ပရိသတ်တွေကြားမှာရေပန်းစားလျှက်ရှိတာတွေ့ရပါတယ်။ အဆိုပါ ပြုလုပ်ချက်တွေထဲမှာ နိုင်ငံတော်ကကျင်းပပြုလုပ်ပေးမှုတွေကလည်း မရေမတွက်နိုင်အောင် ရှိပါတယ်။ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင် ၂၀၁၉ ခုနှစ် ဝန်ကြီးချုပ်ဖလား ၂၆ မြို့နယ် အသက် ၁၇ နှစ်နှင့်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို မနေ့က ညနေပိုင်းက ကျောက်တိုင်ဘောလုံးကွင်း၌ ကျင်းပခဲ့ကြောင်း သိရပါတယ်။  

အဆိုပါ ပြိုင်ပွဲကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှမိုးအောင် တက်ရောက် အားပေးခဲ့ကြောင်း သိရပါတယ်။ ဗိုလ်လုပွဲအဖြစ် ပုသိမ်မြို့နယ်နှင့် ဒေးဒရဲမြို့နယ် အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပုသိမ်မြို့နယ် အသင်းက ၂ ဂိုး ဂိုးမရှိနှင့် အနိုင်ရ ဗိုလ်စွဲသွားပါတယ်။ အဆိုပါ ပြိုင်ပွဲအပြီးဆုပေးပွဲကို ဆက်လက်ကျင်းပရာ ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပထမဆုရ ပုသိမ်၊ ဒုတိယဆုရ ဒေးဒရဲ၊ တတိယဆုရ ကန်ကြီးထောင်မြို့နယ် အသင်းတို့အား တစ်ဦးချင်း ဆုတံဆိပ်များ၊ နေရာအလိုက် ဂိုး၊ နောက်တန်း၊ အလယ်တန်း၊ ရှေ့တန်း နှင့် ပွဲစဉ်တစ်လျောက် အကောင်းဆုံး ကစားသမားများကို ဆုတံဆိပ်နှင့် ငွေသားဆု များကို ချီးမြှင့်ခဲ့ကြပါတယ်။ 

ဗိုလ်လုပွဲနှင့်ဆုပေးပွဲသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်၊ တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်၊ အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း/ခရိုင်အဆင့် ဌာန ဆိုင်ရာများ၊ အားကစား ဝါသနာပါသူများ လာရောက် ကြည့်ရှုကြကြောင်း သိရပါတယ်။ ပြိုင်ပွဲအတွင်း ပုံရိပ်များနဲ့ ဆုရပုံရိပ်များကို ချစ်ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။

source - MOI 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။