ပြီးခဲ့တဲ့ရက်ပိုင်းက တူရကီနိုင်ငံအတွင်းမှာ အမေရိကန်ဒေါ်လာ အတုတွေဖမ်းမိခဲ့တယ်လို့သိရပါတယ်။

၎င်းအမေရိကန်ဒေါ်လာ အတုတွေကိုတော့ တူရကီနိုင်ငံရဲ့ မြို့တော် အစ္စတန်ဘူလ်မှာရှိတဲ့ ပုံနှိပ်စက်ရုံတခုကို တာဝန်ရှိသူတွေ ဝင်စီးရာကနေ ဖမ်းမိခဲ့တာဖြစ်တယ်လို့သိရပါတယ်။

၎င်းစီးနင်းမှုအတွင်းမှာတော့ ဒေသခံရဲတပ်ဖွဲ့ဝင်တွေအပြင် ရာဇဝတ်မှုနဲ့ မှောင်ခိုတိုက်ဖျက်ရေး အာဏာပိုင်တွေပါ ပါဝင်ခဲ့တယ်လို့သိရပါတယ်။

သူတို့ဖမ်းမိခဲ့တာတွေကတော့ အမေရိကန်ဒေါ်လာ ၁၀၀တန် အတုတွေဖြစ်သလို စုစုပေါင်းတန်ဖိုးအနေနဲ့ အမေရိကန်ဒေါ်လာ ၂၇၁ သန်းတန်ဖိုးရှိတယ်လို့သိရပါတယ်။

လက်ရှိအချိန်မှာဆိုရင်လည်း တူရကီအာဏာပိုင်တွေဟာ အခုငွေစက္ကူအတုလုပ်တာနဲ့ ပတ်သတ်ပြီး လူငါးယောက်ကို ဖမ်းဆီးကာ စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

ဒါ့အပြင် နောက်ထပ်သံသဖြစ်ဖွယ်လူတွေကိုလည်း ရှာဖွေဖမ်းဆီးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

Source _ Star Online

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။