အလှမယ်ဘဝ နဲ့ အနုပညာလောကထဲ ခြေလှမ်းစခဲ့တဲ့ အဆိုတော် ခွန်းဆင့်နေခြည် ကတော့ တမူထူးတဲ့ အလှနဲ့ ခန္ဓာကိုယ်တည်ဆောက်ပုံအရပ်အမောင်းကြောင့် နာမည်ကြီးလာသူဖြစ်ပါတယ်။

ပရိသတ်အချစ်တော် ခွန်းဆင့်ဟာ အပျိုကြီးဘဝနဲ့ပဲ လက်တလောမှာသူ့ရဲ့အချိန်တွေပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေတဲ့ပုံပါပဲ။

မကြာသေးမီက သူမရဲ့ စိတ်ချမ်းသာအောင်နေမယ်ဆိုတဲ့ ဘဝခံယူချက်နဲ့ ပတ်သက်ပြီး ပြောပြခဲ့တဲ့ ခွန်းဆင့်ဟာ မနေ့က အဆိုတော်မေဆွိ ၊စန္ဒီမြင့်လွင်၊

သရုပ်ဆောင်လှမျိုးသဥ္ဇာနွယ် ၊ ပွင့် တို့နဲ့အတူ ငပလီကို ရောက်ရှိနေတယ်လို့သိရပါတယ်။

ငပလီကမ်းခြေက ဟော်တယ်မှာ လှချင်တိုင်းလှနေတဲ့ ခွန်းဆင့်ရဲ့ ဓာတ်ပုံလေးတွေကို ပရိသတ်တွေအတွက် ပြန်လည်မျှဝေလိုက်ပါတယ်။

ပျော်ပျော်နေတတ်တဲ့ သူမရဲ့ ပုံရိပ်လေးတွေကိုမြင်ပြီး စိတ်ချမ်းသာမိမှာအမှန်ပါပဲ။  

သတင်းအရင်းမြစ် Khun Sint Nay Chi fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။