ပြည်တွင်း ယာဉ်တိုက်မှုနဲ့ တိမ်းမှောက်မှုတွေကတော့ အတော်များများရှိခဲ့ပြီး ဆိုးဆိုးရွားရွားဖြစ်စဉ်တွေကလည်း မရေမတွက်နိုင်အောင် များပြားလျှက်ရှိတာတွေ့ရပါတယ်။ ဒီကနေ့ ဇူလိုင်လ ၂၄ ရက်နေ့မှာလည်း လမ်းဘေးရေမြောင်းထဲသို့ ယာဉ်တိမ်းမှောက်မှုတစ်ခုဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။  

အဆိုပါ ယာဉ်တိမ်းမှောက်မှုကတော့ ဇူလိုင်လ ၂၄ ရက်နေ့ ဒီကနေ့ နံနက်ပိုင်းကဖြစ်ပွားခဲ့တာဖြစ်ပြီး စားသောက်ကုန်တင်ဆောင်လာတဲ့ ၆ ဘီးကားတစ်စီးဖြစ်ကြောင်း သိရပါတယ်။ ဖြစ်စဉ်နဲ့ပတ်သက်ပြီး "ပဲခူးတိုင်းဒေသကြီး ရေတာရှမြို့နယ် သပြေတန်းကျေးရွာမြောက်ဘက် ရန်ကုန် မန္တလေးကားတွင် စားသောက်ကုန်များတင်ဆောင်လာသည့် ၆ ဘီးယာဉ် တစ်စီး လမ်းအရှေ့ဘက်ရေမြောင်းအတွင်းသို့ထိုးကျ တိမ်းမှောက်သွားခဲ့ကြောင်း " ကနဦးသတင်းများအရ သိရပါတယ်။  

ကားလမ်းအတိုင်း တောင်မှမြောက်သို့ မျိုးမင်းဦး ၃၀ နှစ် မိတ္ထီလာမြို့နေ သူမောင်းနှင်လာသည့် MDY 1G/-----CANTE R ၆ ဘီးယာဉ်သည် အခင်းဖြစ်ပွားသော မိုင်တိုင် ၁၈၀/၁ အနီးအရောက် လမ်းအရှေ့ဘက်ရှိ ၁၅ ပေ ခန့်နက်သည့်ရေမြောင်းထဲသို့ အရှိန်လွန်ထိုးကျ တိမ်း မှောက်သွားခဲ့တာဖြစ်ကြောင်း သိရပါတယ်။ လက်ရှိအဆိုပါ ဖြစ်စဉ်နဲ့ပတ်သက်ပြီး ရေတာရှည်မြို့မရဲစခန်းက အမှု ဖွင့်အရေးယူထားကြောင်းသိရပါတယ်။

source - အောင်မင်းနိုင်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။