ဘုန်းတော်ကြီးကျောင်မှာ ပညာသင်နေတဲ့ ကိုရင်လေးများစွာရှိတဲ့ အပြင် ထိုကိုရင်လေးတွေကို အုပ်ချုပ်တဲ့ ဆရာတော်တွေက ရှိစမြဲပါ။ ကိုရင်လေးတွေ အတွက် ဆရာတော်တွေ ဥပစ္ဇင်းတွေ က ဆရာနှင့်လည်းမခြားပါဘူး။ ဆရာက တပည့်ကို ဆုံးမသည်ဆို တာ သိပ်ထူးဆန်းတဲ့ အလုပ်မဟုတ်သော်ငြားလဲ ယခုလိုမျိုး ရိုက်နှက်ဒဏ်ပေးတာကတော့....

ဘုန်းကြီး တစ်ပါးက ကိုရင်လေး တွေကိုရိုက်နှက်ဒဏ်ပေးနေတဲ့ ဗီဒီယိုတစ်ခု လူမှုကွန်ရက်မှာ ပြန့်နှံ့လျှက်ရှိပါတယ်။ ထိုဗီဒီယိုထဲမှာ တော့ ပုံထဲမှာတွေ့ရတဲ့အတိုင်း ဘုန်းကြီးတစ်ပါးက ကိုရင်လေးကို ဒဏ်ပေးနေတာကိုတွေ့ရမှာပါ။ ပထမ ကိုရင်လေးကို တော့ အရှိန်အပြည့် နှင့် လွှဲ၍ ရိုက်ပြီး နောက်ဆုံးကိုရင်လေးကို တော့ အသားကုန်ရိုက်နေတာကိုတွေ့ နိုင်ပါတယ်။ ထိုကိုရင်လေးဟာ နောက်ဆုံး မခံနိုင်တဲ့ အခါ လဲကျသွားပြီး ထိုဘုန်ကြီးက ကိုရင်လေးကို ခြေထောက်နှင့်တက်နင်းရုံသာမက တကိုယ်လုံးကို ကြိမ်နဲ့ လွှဲရိုက်နေတာကိုတွေ့ရမှာပါ။

စဉ်းစားစရာက ဘုန်းကြီးကျောင်းမှာ ထိုကဲ့သို့ ရိုက်နှက်ဆုံးမတာ ထုံးစံလို့ဆိုပေမယ့်လဲ ငယ်ရွယ်သေးတဲ့ ကိုရင်လေးတွေ အတွက် ညှာတာပြီးပြုလုပ်သင့်ပါတယ်။ လဲကျသွားတာတောင် ခြေထောက်နှင့် နင်းပြီး ဆုံးမတယ်ဆိုတာက ပုထုစဉ်တွေတောင် မလုပ်သင့်တာ ဘုန်းကြီးတွေ အနေနှင့်ဆိုရင် ကြိန်းသေ ရှောင်လွှဲသင့်တဲ့လုပ်ရပ်ပါ။

ထိုအဖြစ်အပျက်ဟာ ကံကောင်းစွာဖြင့် မိမိတို့ မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ပုံ မပေါ်သော်လည်း မဖြစ်ပွားနိုင်ဘူးလို့ ဘယ်သူ့မှ မှန်းဆလို့ မရတဲ့ အတွက် အကယ်၍ မိမိတို့ ပတ်ဝန်းကျင်မှာ ထိုကဲ့သို ဖြစ်ပွားနေခဲ့သည်ဆိုပါက လုပ်သင့်တဲ့ လုပ်ရပ်မဟုတ်ကြောင်း သိစေချင်တဲ့ အတွက်ရေးသားလိုက်ခြင်းဖြစ်ပါတယ်။

သတင်းအရင်းမြစ် ဗီဒီယိုကြည့်ရန် -

Anna

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။