ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် One Direction အဖွဲ့ဝင်ဟောင်း Zayn Malik နဲ့ Victoria's Secret မော်ဒယ် ဂျီဂျီဟတ်ဒီး တို့စုံတွဲကတော့ ကမ္ဘာပေါ်မှာ ချစ်စရာအကောင်းဆုံး အတွဲညီဆုံး စုံတွဲလေးအဖြစ် မြင်သူတိုင်းအားကျရပါတယ်။

ဧပြီလ (၂၄)ရက်နေ့မှာကျရောက်တဲ့ Zayn ရဲ့ ချစ်သူကောင်မလေး ဂျီဂျီဟတ်ဒီးရဲ့ အသက်(၂၂)နှစ်ပြည့်မွေးနေ့ကို အခင်ဆုံးသူငယ်ချင်းတွေနဲ့အတူ ဆယ်လီတွေနဲ့ ကျင်းပခဲ့ပါတယ်။ 

ချစ်သူကို မွေးနေ့ကိတ်လုပ်ပေးခဲ့တဲ့အပြင် ညင်သာတဲ့အနမ်းပေးခဲ့တဲ့ Zayn ကတော့ မိန်းကလေးပရိသတ်တွေကို ပိုကြွေအောင်လုပ်နေသလိုပါပဲ။

Zayn ဟာ ဂျီဂျီအတွက် ‘happy birthday to my everything ’ ဆိုပြီး ချစ်သူပါးကို ဖက်နမ်းထားတဲ့ အဖြူအမဲကာလာ ပုံလေးကို အင်စတာဂရမ်မှာတင်ခဲ့ပါတယ်။

ဂျီဂျီ ရဲ့ မွေးနေ့ကတော့ သူမရဲ့အချစ်ဆုံး Zayn ရဲ့ မွေးနေ့ဆုတောင်းလေးနဲ့တင် ပြည့်စုံသွားလောက်ပါပြီ။

သူမကို သူမရဲ့ မိသားစုဝင်မောင်နှမတွေဖြစ်တဲ့ ဘယ်လာဟတ်ဒီး အပါအဝင် အားလုံးက ငယ်ဘဝပုံလေးတွေ တင်ကာမွေးနေ့ဆုမွန်ကောင်း တောင်းပေးခဲ့ကြပါတယ်။

One Direction အဖွဲ့ကထွက်ပြီးနောက် တစ်ကိုယ်တော်သီချင်းတွေ ဆိုပြီးရပ်တည်နေတဲ့ ဇာန် နဲ့ စူပါမော်ဒယ်လေး ဂျီဂျီတို့ နှစ်ဦးရဲ့ တွဲသွားတွဲလာ မခွဲအတူ ရှိတဲ့ ချစ်ပုံရိပ်တွေက ပရိသတ်တွေကြားမှာ ရေပန်းစားလျက်ရှိပါတယ်။  

သတင်းအရင်းမြစ် Instagram

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။