အာဖဂန်နစ္စတန်နိုင်ငံ မြို့တော် ကဘူးလ်မှာတော့ တနေ့ထဲ ဗုံးပေါက်ကွဲမှု သုံးခုဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။

၎င်းဗုံးပေါက်ကွဲမှုတွေဟာ ဇူလိုင်လ ၂၅ ရက်နေ့မှာဖြစ်ပေါ်ခဲ့တာဖြစ်သလို လူပေါင်းများစွာလည်း သေဆုံးခဲ့တယ်လို့သိရပါတယ်။

ပထမဗုံးပေါက်ကွဲမှုကတော့ အစိုးရဝန်ထမ်းတွေ လိုက်ပါစီးနင်းလာတဲ့ ဘတ်စ်ကားတစီး ဗုံးခွဲတိုက်ခိုက်ခံရခဲ့တာပဲဖြစ်ပါတယ်။

ဒီတိုက်ခိုက်ခံရမှုကြောင့်တော့ သေဆုံးသူ ၅ ဦးရှိခဲ့ပြီး ၁၀ ဦးလောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ဒုတိယနဲ့ တတိယဗုံးပေါက်ကွဲမှုတွေကြောင့်ဆိုရင်လည်း လူပေါင်းများစွာ သေဆုံးခဲ့သလို အယောက် ၂၀ လောက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့ကြောင့် ဒီဗုံးပေါက်ကွဲမှုသုံးခုကြောင့် သေဆုံးသူဦးရေဟာဆိုရင် ၁၂ ဦးလောက်ရှိခဲ့ပြီး လူယောက် ၃၀ လောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

Source – France 24

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။