လတ်တလောလူမှုကွန်ယက်ပေါ်မှာဆိုရင်တော့ အင်တာနက်အသုံးပြုသူတွေကို အသည်းတယားယားဖြစ်စေတဲ့ ဗီဒီယိုလေးတစ်ခု ပျံ့နှံ့နေတာ တွေ့ရပါတယ်။

ဒီဗီဒီယိုလေးကတော့ ချစ်စရာမိန်းကလေးတစ်ယောက်ကို ပခုံးလေးတွေဖက်လိုက် ၊ လက်ကလေးကိုက်လိုက် ၊ ပါးလေးကိုနမ်းလိုက်နဲ့ ဓာတ်ပုံအရိုက်ခံနေတဲ့ မျောက်တစ်ကောင်ရဲ့ ဗီဒီယိုလေးပဲဖြစ်ပါတယ်။ 

ဒီဗီဒီယိုလေးရဲ့အစမှာဆိုရင်တော့ မျောက်ကလေးဟာ ကောင်မလေးရဲ့ ပခုံးကိုအနောက်ကနေ ကိုင်ထားခဲ့တာတွေ့ရပြီး အဲ့ဒီနောက်မှာတော့ ဘေးနားလေးမှာကပ်ထိုင်ကာ ပုခုံးလေးကိုသိုင်းဖက်ပြီး ကောင်မလေးရဲ့ ပါးလေးကို အနမ်းလေးတွေ ပေးနေတာတွေ့ရပါတယ်။

နောက်ပိုင်းမျောက်ကလေးရဲ့ အပြုအမူတွေကြောင့် ကောင်မလေးက အနည်းငယ်ရှက်သလိုဖြစ်လာပေမယ့်လည်း မျောက်ကလေးကတော့ လုံးဝမရှက်ဘဲ ပါးလေးကိုနမ်းလိုက်နဲ့ ဓာတ်ပုံအရိုက်ခံနေတာတွေ့ရပါတယ်။

ဒီဗီဒီယိုကို ကြည့်ရှုပြီးသွားတဲ့ အင်တာနက်အသုံးပြုသူတွေကတော့ တော်တော်လက်သွက်တဲ့မျောက်ကလေး ဒီကောင်တော်တော်မလွယ်တာပဲ အသည်းယားလိုက်တာဆိုပြီး သူတို့ရဲ့အထင်အမြင်လေးတွေကို ပြောကြားထားကြတာတွေ့ရပါတယ်။

ယခုအခါမှာဆိုရင်လည်း ၎င်းဗီဒီယိုလေးကိုပါ တပါတည်းဖော်ပြပေးထားတာဆိုရင်တော့ ပရိသတ်တွေကြည့်ပြီးသွားတဲ့အခါ အသည်းတွေပဲယားလာလား ဒါမှမဟုတ်ဘယ်လိုခံစားရလဲဆိုတာ ပြောပြခဲ့ကြဦးနော်။

Source _ Funny Animals youtube channel

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။