အမျိုးသမီးတွေကြုံတွေ့လာရမယ့် မီးယပ်နဲ့ ပတ်သက်တဲ့ ပြဿနာတွေထဲကမှ တစ်ခုဖြစ်တဲ့ "အဖြူဆင်းခြင်း"၊ "White discharge" ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်...။ အဖြူဆင်းခြင်းကို ယေဘုယျအားဖြင့် နှစ်မျိုးခွဲခြားလို့ရပါတယ်....။ မူမှန်အဖြူဆင်းခြင်း "normal white discharge"နဲ့ မူမမှန် အဖြူဆင်းခြင်း "abnormal white discharge" စသည်တို့ပဲဖြစ်ပါတယ်...။ သာမန်အပျိုဖော်ဝင် "puberty" လို့ဆိုတဲ့ အမျိုးသမီးတွေဆိုရင် တစ်လကို ပုံမှန်နှစ်ကြိမ်ခန့်လောက် အဖြူဆင်းလေ့ရှိတယ်လို့ သိရပါတယ်...။ ဒါကိုတော့ မူမှန် အဖြူဆင်းခြင်းလို့ ခေါ်ရမှာဖြစ်ပါတယ်...။

မူမမှန် အဖြူဆင်းခြင်းရဲ့ လက္ခဏာတွေကတော့ မူမှန်အဖြူဆင်းခြင်းရဲ့ ဆန့်ကျင်ဖက်တွေပဲဖြစ်ပါတယ်...။ အဖြူဆင်းသော ပမာဏများခြင်း၊ ဆိုးရွားသော အနံ့အသက်များရှိခြင်း၊ ယားယံခြင်းစသည်တို့ပဲဖြစ်ပါတယ်...။ မူမမှန် အဖြူဆင်းခြင်းကို ဖြစ်ပွားစေတဲ့ အချက်တွေအများကြီးရှိပါတယ် ။ ယေဘုယျအားဖြင့် ပိုးဝင်ခြင်းကြောင့် ဖြစ်တာ ၃ မျိုးရှိပါတယ်။ အဲဒီလိုမဟုတ်ပဲ သားအိမ်ခေါင်း "cervix" က အလုပ်လုပ်တာများခြင်း "လိင်ဆက်ဆံမှုများခြင်း"အတွက်ကြောင့် အဖြူဆင်းတာလည်းရှိပါတယ် ။ သားအိမ်ထဲထည့်တဲ့ သန္ဓေတားပစ္စည်း (IUCD) ကြောင့်လည်း ဆင်းတာရှိပြီး တစ်ကိုယ်ရေ သန့်ရှင်းမှု မမှန်လို့ stress "စိတ်ဖိစီးသောက" များမှုကြောင့်လည်း အဖြူဆင်းရတာတွေရှိပါတယ်..။

မူမမှန်အဖြူဆင်းခြင်းကို ဖြစ်ပေါ်စေတဲ့ ပိုးဝင်ခြင်း ၃ မျိုးရှိပါတယ် ။ ပထမတစ်ခုကတော့ မိန်းမကိုယ် ရောင်ရမ်းယားယံခြင်း အဖြူဆင်းခြင်းဖြစ်ပြီး ဒုတိယတစ်မျိုးကတော့ မှိုစွဲကပ်တဲ့ ရောဂါတစ်မျိုးကြောင့်ပဲဖြစ်ပါတယ်...။ "Trichomonas vaginitis" လို့ခေါ်တဲ့ မိန်းမကိုယ်ရောင်ရမ်းယားယံခြင်းကြောင့် အဖြူဆင်းရတဲ့ အဓိက အကြောင်းအရင်းကတော့ လိင်ဆက်ဆံ မှုကြောင့်ဖြစ်ပါတယ်..။ ဒါပေမယ့် တပ်အပ်ကြီးတော့ပြောလို့မရပါဖူး ဘာလို့လဲဆိုတော့ "ဒီပိုးရှိနေတဲ့ မိန်းမတစ်ယောက်ရဲ့ အသုံးဆောင် ပစ္စည်းတွေ...ထဘီတို့၊ အတွင်းခံတို့ ငှားဝတ်တာမျိုးတွေကနေ တစ်ဆင့်ကူးဆက်နိုင်ပါတယ်...။ဒါကြောင့်မလို့ လိင်ဆက်ဆံမှုတစ်ခုကြောင့်မှတင်မဟုတ်ဘဲ၊ ပိုးရှိနေသူဆီကနေ ကူးဆက်နိုင်တဲ့ ရောဂါလို့ဆိုရမှာပါ...။ "Trichomonas" ကြောင့်ဖြစ်တဲ့ အဖြူဆင်းခြင်းဟာ အရောင်က ဖြူမနေပဲ စိမ်းဝါဝါအရောင်ရှိပါတယ်..။ ပမာဏများပြီး အောက်ခံဘောင်းဘီစိုတာတို့...၊ ယားယံတာတို့ဖြစ်ပြီးအနံ့အသက်ကလည်း မကောင်းပါဖူး....။ မိန်းမကိုယ်တစ်ခုလုံးရဲနေပြီး အဲဒီအပေါ်မှာ အမည်းပြောက်အဖြူပြောက်လေးတွေ တွေ့ရှိရလေ့ရှိပါတယ်...။ အမျိုးသမီးငယ်လေးတွေ၊ ကျောင်းသူလေးတွေအနေနဲ့ အဖြူဆင်းတာနဲ့ပတ်သတ်ပြီး ဗဟုသုတတွေပြည့်ဝနေဖို့လိုပါတယ်...။ တစ်ချို့ဆို စာမေးပွဲတွေရှိလို့ အိပ်ရေးတွေပျက် သွေးအားနည်းပြီးတော့ မူမှန်အဖြူ ဆင်း တာတွေဖြစ်တာကို စိတ်ပူစိတ်ညစ်စရာမလိုတာပဲဖြစ်ပါတယ်...။ သွေးအားပြန်ပြည့်အောင် အနားယူပြီး ပုံမှန်စားသောက် လိုက်ရင်ပြန်ကောင်းသွားမှာဖြစ်ပါတယ် ။ IUCD ကြောင့်ဖြစ်တာဆိုရင်လည်း အဲဒါပြန်ထုတ် လိုက်ရင်ကောင်း သွားပါတယ်..။ ဒါပေမယ့် တစ်ခုသတိထားရမှာကတော့ ဆီးပူညောင်းကျရောဂါပိုး "Ganorrhoea" ကြောင့် ဖြစ်တာဆိုရင်တော့ သင့်တော်တဲ့ ပိုးသတ်ဆေးကို သုံးတာတို့၊ ဆရာဝန်ပြတာတို့ပြုလုပ်ရမှာပါ...။ မူမှန်အဖြူဆင်းတာဟာ သွေးဆုံးချိန်မတိုင်ခင်အထိ ကြုံတွေ့နေရဦးမှာဖြစ်ပါတယ်..။ ဒါကြောင့် မူမှန်အဖြူဆင်းတာကို စိတ်ပူနေဖို့မလိုဖူးဆိုတာ သိစေချင်တာဖြစ်ပါတယ်...။ အမျိုးသမီးတွေ အနေနဲ့လည်း အမျိုးသမီးစကားဝိုင်းတွေမှာ အမျိုးသမီးကျန်းမာရေး အကြောင်းကို ပွင့်ပွင့်လင်းလင်းဆွေးနွေးဖို့လိုအပ်ကြောင်း တိုက်တွန်းလိုက်ပါတယ်....။

Source ဝီကီပီးဒီးယား

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။