ဒီတစ်ပတ်ရဲ့မြန်မာနေရှင်နယ်လိဒ်ပွဲကောင်းတစ်ပွဲအဖြစ်စစ်ကိုင်းယူနိုက်တင်အသင်းနဲ့ရန်ကုန်ယူနိုက်တက်အသင်းတို့ဟာစစ်ကိုင်းအသင်းအိမ်ကွင်းမုံရွာမြို့မှာကစားခဲ့ပါတယ်။ဒီပွဲစဉ်မှာတော့ပွဲပြီးဆုံးချိန်အထိဂိုးမသွင်းနိုင်ခဲ့တာကြောင့် တစ်ဖက်ဂိုးမရှိသရေနဲ့သာပွဲပြီးဆုံးခဲ့ပါတယ်။ဒီပွဲသရေရလဒ်ကြောင့်ရန်ကုန်ယူနိုက်တက်အသင်းဟာဒုတိယနေရာမှရှမ်းယူနိုက်တက်အသင်းကို၃မှတ်ဖြတ်ထားနိုင်ခဲ့ပါတယ်။

ရန်ကုန်အသင်းဟာဒီနေ့ပွဲအနိုင်ရပါကဒုတိယနေရာမှရှမ်းအသင်းကို၅မှတ်ဖြတ်ထားနိုင်မှာဖြစ်တာကြောင့်ပွဲထွက်ကတည်းကအကောင်းဆုံးကစားခဲ့တာပါ။စစ်ကိုင်းအသင်းကလည်းဒီနှစ်မြန်မာနေရှင်နယ်လိဒ်မှာအကောင်းဆုံးခြေစွမ်းတွေပိုင်ဆိုင်ထားတာကြောင့်ရန်ကုန်အသင်းခက်ခက်ခဲခဲကစားရခဲ့ပါတယ်။တစ်သင်းနဲ့တစ်သင်းအပြိုင်အဆိုင်ထိုးဖောက်ကစားတာကြောင့်ပွဲကမြိုင်ဆိုင်ပြီးပရိသတ်အကြိုက်ဖြစ်ခဲ့ရပါတယ်။

ဒီနေ့စစ်ကိုင်းအသင်းဟာလည်းအိမ်ကွင်းပရိသတ်တွေရှေ့မှာအားရစရာခြေစွမ်းတွေကိုပြသနိုင်ခဲ့တာပါ။နှစ်သင်းစလုံးအပိုင်အခွင့်အရေးတွေရခဲ့ပေမယ့်လည်းအသုံးမချနိုင်တာကြောင့်ဂိုးမရှိသရေသာဖြစ်ခဲရတာပါ။ဒီနေ့စစ်ကိုင်းယူနိုက်တက်အသင်းအိမ်ကွင်းဟာလည်းအကောင်းဆုံးမြက်ခင်းပြင်တွေပိုင်ဆိုင်ထားတာကြောင့် ပရိသတ်တွေရဲ့ချီးကျူးမှုကိုလည်းရရှိခဲ့ပါတယ်။

Source:Myanmar National League 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။