လာမယ့်ပရီးမီးယားလိဒ်ရာသီသစ်အတွက်နည်းပြသစ်လမ်းပတ်နဲ့တူတူပြင်ဆင်မှုတွေလုပ်နေတဲ့ချယ်လ်ဆီးအသင်းဟာမနေ့က ရီးဒင်းအသင်းနဲ့ခြေစမ်းခဲ့ပြီး(၃-၄)ဆိုပြီးအနိုင်ရခဲ့ပါတယ်။ချယ်လ်ဆီးအသင်းဟာခုရာသီမှာ ကစားသမားဝယ်ခွင့်ပိတ်ထားတာကြောင့် အသင်းမှာရှိတဲ့ လူငယ်ကစားသမားတွေကိုအကောင်းဆုံးစမ်းသပ်ရင်း ရာသီသစ်အတွက်ပြင်ဆင်နေတာပါ။

နည်းပြသစ်လမ်းပတ်ကတော့ ဒီနှစ်ရာသီခြေစမ်းပွဲတွေမှာလူငယ်လေးတွေရဲ့ခြေစွမ်းတွေကို အကောင်းဆုံးမြင်တွေ့ခဲ့ရပြီဖြစ်ပါတယ်။လူငယ်တွေရဲ့စွမ်းဆောင်မှုတွေကလည်း နည်းပြလမ်းပတ်အားကိုးရလောက်အောင်ကိုခြေစွမ်းတွေကောင်းမွန်နေတာဖြစ်ပါတယ်။လူငယ်ကစားသမားတွေနဲ့အငှားချထားတဲ့ကစားသမားတွေပေါင်းစပ်ထားတဲ့ချယ်လ်ဆီးအသင်းကကတော့ရာသီသစ်မှာဒီထက်ကောင်းတဲ့ခြေစွမ်းတွေကိုမြင်တွေ့ရဖို့ရှိနေတာပါ။

ဒီနေ့သွင်းဂိုးတွေမှာလည်းအသင်းရဲ့လူငယ်ကစားသမားတွေကပဲ၄ဂိုးလုံးကိုသွင်းယူခဲ့တာပါ။သွင်းဂိုးတိုင်းကလည်းတိကျပြီးကောင်းမွန်တဲ့စကေးတွေရှိတာကြောင့်အားရစရာပဲဖြစ်ပါတယ်။ပရိသတ်တွေလည်းအကောင်းဆုံးလူငယ်တွေနဲ့ရာသီကြိုခြေစမ်းပွဲတွေမှာ နိုင်ပွဲတွေယူနေတဲ့ချယ်လ်ဆီးအသင်းရဲ့ video လေးကိုလည်းတင်ဆက်ပေးလိုက်ကပါတယ်။

SOURCE:

Chelsea Football Club

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။