ပရီးမီးယားလိဒ်ရဲ့လန်ဒန်ထိပ်သီးကလပ်ဖြစ်တဲ့ အာဆင်နယ်ဘောလုံးအကယ်ဒမီမှာတော့မြန်မာကစားသမား ၅ဦးသွားရောက်သင်တန်းတက်နေတာဖြစ်ပါတယ်။အဆိုပါကစားသမားတွေကတော့ မန္တလေးမြို့ Lucky Home Football Academy မှကစားသမားတွေပဲဖြစ်ပါတယ်။သူတို့ကတော့အာဆင်နယ်ဘောလုံးအကယ်ဒမီမှာ ၂ပတ်ရက်တိုသင်တန်းတက်နေတာဖြစ်ပါတယ်။
သူတိုကတော့ဂျူလိုင် ၁၅ရက်နေ့ထဲကမြန်မာနိုင်ငံကနေထွက်သွားပြီးခုချိန်မှာဘောလုံးသင်တန်းမှာတက်ရောက်နေပြီဖြစ်ပါတယ်။သူတို့ကတော့ ဂျူလိုင်၃၁ရက်နေ့မှ မြန်မာနိုင်ငံကိုပြန်ရောက်မှာဖြစ်ပါတယ်။လက်ရှိအာဆင်နယ်ဘောလုံးအကယ်ဒမီကိုတော့အာဆင်နယ်ကစားသမားဟောင်း မာတီဆက်ကာက မန်နေဂျာအဖြစ်ဆောင်ရွက်နေတာဖြစ်ပါတယ်။
သူတို့ကတော့ခုမှာကမ္ဘာကျော်အာဆင်နယ်အသင်းရဲ့အိမ်ကွင်း အမ်းမရိတ်ကွင်းကိုသွားရောက်ပြီးလေ့လာခဲ့ကြတာပါ။အမိုက်စားကွင်းကြီးထဲဝင်ပြီးကစားသမားတွေနားနေခန်း၊ပွဲကြည့်စင်တွေကိုလေ့လာခဲ့တာပါ။သူတို့ကတော့အာဆင်နယ် ဘောလုံးအကယ်ဒမီကနည်းစနစ်တွေကိုသွားရောက်လေ့လာပြီး မြန်မာကစားသမားတွေကို ပြန်လေ့ကျင့်ပေးဖို့သွားရောက်ခဲ့တာဖြစ်ပါတယ်။
SOURCE:
Lucky Home Football Academy
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။