အာစီယံယူ၁၅ပြိုင်ပွဲဝင်မြန်မာယူ၁၅အသင်းကတော့ဒီနေ့ညနေ၃နာရီမှ တီမောအသင်းနဲ့ ယှဉ်ပြိုင်ကစားရတော့မှာဖြစ်ပါတယ်။မြန်မာအသင်းဟာဒီနေ့ပွဲစဉ်မှာတော့တီမောအသင်းကိုမဖြစ်မနေအနိုင်ယူရတော့မှာဖြစ်ပါတယ်။အုပ်စုအဖွင့်ပွဲမှာလိုအပ်နေတဲ့အနိုင်၃မှတ်ကိုမယူနိုင်ခဲ့တာကြောင့်ကျန်တဲ့ပွဲတွေကိုရုန်းကန်ရတော့မှာ့ဖစ်ပါတယ်။

မြန်မာအသင်းဟာဒီအုပ်စုမှာအာစီယံထိပ်သီးအသင်းတွေနဲ့ကျရောက်နေတာဖြစ်တာကြောင့်အုပ်စုတက်ဖို့ဆိုအရှေ့ပွဲတွေကိုအနိုင်ရဖို့လိုအပ်နေတာပါ။ဒီနေ့ယှဉ်ပြိုင်ကစားရမယ့် တီမောအသင်းကလည်း အဖွင့်ပွဲစဉ်မှာဖိလစ်ပိုင်အသင်းကို(၇-၁)နဲ့အနိုင်ရထားတာကြောင့်မြန်မာအသင်းအနေနဲ့ခက်ခက်ခဲခဲကစားရဖို့ရှိနေတာဖြစ်ပါတယ်။

တီမောအသင်းကလည်းနောက်ပိုင်းနှစ်တွေမှာ အသင်းကြီးတွေကိုမာမာထန်ထန်ကစားတက်တာဖြစ်တာကြောင့် ကစားရခက်တာဖြစ်ပါတယ်။မြန်မာအသင်းကလည်းဒီပြိုင်ပွဲကိုဝင်ရောက်ယှဉ်ပြိုင်ဖို့တရုတ်နိုင်ငံအထိသွားရောက်လေ့ကျင့်ထားတာကြောင့်အတွေ့အကြုံတွေကိုအသုံးချဖို့လိုအပ်နေတာဖြစ်ပါတယ်။ဒီနေ့လိုအပ်နေတဲ့အနိုင်၃မှတ်ကိုလည်း ပရိသတ်တွေမျှော်လင့်နေတဲ့ခြေစွမ်းတွေနဲ့ယူလာနိုင်မလားဆိုတာကတော့စိတ်ဝင်စားစရာပဲဖြစ်ပါတယ်။

Source:MFF

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။