မြန်မာ့လက်ဝှေ့လောကမှာ နေရာတစ်ခုအထိ ရယူနိုင်ခဲ့တဲ့ လက်ဝှေ့ဖိုက်တာရဲသွေးနီကိုတော့ လက်ဝှေ့ချစ်ပရိသတ်တွေ သိမယ်ထင်ပါတယ်။ လည်ပယ်တန်းပြိုင်ပွဲတွေမှာ အကောင်းဆုံးထိုးသတ်နိုင်ခဲ့ပြီး ပြည်တွင်း ပရိသတ်အခိုင်အမာရရှိထားသူတစ်ယောက်လည်းဖြစ်ပါတယ်။ ရဲသွေးနီကတော့ ပြည်တွင်း လက်ဝှေ့ပြိုင်ပွဲများအပြင် ပြည်ပပြိုင်ပွဲများနှင့် One Championship များစွာကိုလည်း ထိုးသတ်ဖူးသူတစ်ယောက်ဖြစ်ပြီး နိုင်ပွဲများစွာနဲ့အတူ မြန်မာ့အလဲလွှင့်ထူထားနိုင်သူတစ်ယောက်လည်းဖြစ်ပါတယ်။  

ရဲသွေးနီကတော့ ဂျပန်နိုင်ငံမှာကျင်းပပြုလုပ်တဲ့ မြန်မာ-ဂျပန်လက်ဝှေ့ပြိုင်ပွဲများစွာကို သွားရောက်ထိုးသတ်ခဲ့ဖူးသူတစ်ယောက်ဖြစ်ပြီး ဂျပန်လူမျိုးတွေလေးစားအားကျနေတဲ့ မြန်မာ့လက်ဝှေ့ဖိုက်တာတစ်ဦးလည်းဖြစ်ပါတယ်။ ပြိုင်ပွဲများစွာကို အလဲထိုးအနိုင်ယူခဲ့ပြီး ဂျပန်ဖိုက်တာ Sojun Katsuraနှင့် ထိုးသတ်ခဲ့တဲ့ပြိုင်ပွဲမှာလည်း အမိုက်စားလက်သီးချက်တွေနဲ့ ရဲရဲတောက်ထိုးသတ်ခဲ့ပြီး ၅ ချီမြောက်မှာ အနိုင်ယူနိုင်ခဲ့တာလည်း တွေ့ရပါတယ်။  

ဂျပန်နိုင်ငံမှာ မြန်မာအလံလွှင့်ထူပြီး လာရောက်အားပေးတဲ့ ပရိသတ်တွေကို အကောင်းဆုံးလုပ်ပြနိုင်ခဲ့တာပဲဖြစ်ပါတယ်။ မနေ့က ထိုးသတ်ခဲ့တဲ့ ရဲသွေးနီ(မြန်မာ)နှင့် Sojun Katsura(ဂျပန်) တို့ရဲ့ အမိုက်စားပွဲလေးကို ချစ်ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။

Vide0 - ကောကရိတ်မြို့နယ်အသင်း

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။