ကမ္ဘာသိဖိုက်တာတစ်ဦးဖြစ်တဲ့ အောင်လအန်ဆန်းနဲ့ပတ်သက်ပြီးနိုင်ငံအနှံ့အပြားမှာ ချီးကြူးပြောဆိုမှုတွေကတော့ မကြာခဏဆိုသလို ကြားသိနေရပါပြီ။ ေအောင်လအန်ဆန်းကတော့ တစ်နှစ်တာ ကမ္ဘာ့အကောင်းဆုံး ဖိုက်တာဆုရရှိခဲ့သူတစ်ယောက်ဖြစ်ပြီး အောက်တိုဘာလ မှာလည်း လိုက်ဟဲဗီးချန်ပီယံ ခါးပတ်ကာကွယ်ပွဲအတွက် ဟဲဗီးဝိတ်ချန်ပီယံ ဗီရာနဲ့ ထိုးသတ်ဖို့ရှိနေသူတစ်ယောက်လည်းဖြစ်ပါတယ်။ အဆိုပါ ပြိုင်ပွဲကတော့ ပြည်တွင်းသာမက ကမ္ဘာ့အနှံ့အပြားမှာစိတ်ဝင်တစားရှိနေတဲ့ ပြိုင်ပွဲတစ်ပွဲဖြစ်ပြီး ပရိသတ်တွေရဲ့ ရင်ခုန်မှုအများဆုံးရရှိထားတဲ့ ပြိုင်ပွဲကြီးလည်း ဖြစ်ပါတယ်။  

မကြာသေးမီကလည်း ပြိုင်ဘက်ဖိုက်တာ ဗီရာကတော့ ကမ္ဘာကျော်မင်းသားကြီး The Rock နဲ့အတူ တွေ့ဆုံရင်း အောင်လအန်ဆန်းအကြောင်းကို ပြောပြထားတာတွေ့ရပါတယ်။ အဆိုပါ တွေ့ဆုံမှုကတော့ Fast And Furious ရုပ်ရှင်နှင့်ပတ်သက်ပြီး တွေ့ဆုံခဲ့တာဖြစ်ပေမယ့် မကြာမီယှဉ်ပြိုင်မည့် ပြိုင်ဘက်ဖိုက်တာ အောင်လအန်ဆန်းနဲ့ပတ်သက်ပြီး ပြောပြခဲ့တာတွေ့ရပါတယ်။  

နိုင်ငံသူရဲကောင်းတစ်ယောက်ဖြစ်တဲ့ အောင်လအန်ဆန်းကို ချီးကြူးပြောဆိုမှုတွေနဲ့အတူ ပြည်တွင်းမှာ အောင်လအန်ဆန်းရုပ်တုထားရှိမှုတွေကိုလည်း တလေးတစားပြောပြခဲ့တာပဲဖြစ်ပါတယ်။ ပရိသတ်တွေကြားမှာသာမက ကမ္ဘာ့အနှံ့အပြားက လက်ဝှေ့ချစ်ပရိသတ်တွေ စိတ်ဝင်တစားရှိနေတဲ့ အောင်လအန်ဆန်းနဲ့ ဗီရာတို့ရဲ့ ပွဲကို ရင်ခုန်စရာစောင့်မျှော်နေရမှာပဲဖြစ်ပါတယ်။ ပြိုင်ဘက်ဖိုက်တာ ဗီရာနဲ့ ကမ္ဘာကျော်မင်းသား The Rockတို့ ပြောပြခဲ့တဲ့ အောင်လအန်ဆန်း အကြောင်း ဗီဒီယိုဖိုင်လေးကို ချစ်ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။

VIDE0 - AUNG LA NSANG

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။