Malaysia FA Cup 2019 ဗိုလ်လုပွဲစဉ်အဖြစ် စနေနေ့က ပီရက်အသင်း နဲ့ ကီဒက်အသင်းတို့ယှဉ်ပြိုင်ကစားခဲ့ကြတာပါတယ်။အဆိုပါပွဲစဉ်မှာတော့ကီဒက်အသင်းက ဒီပွဲစဉ်မှာနောက်ဆုံးမိနစ် သွင်းဂိုးတစ်ဂိုးကြောင့် ချန်ပီယံဖြစ်သွားခဲ့ပြီး အသင်းရဲ့ (၅) ကြိမ်မြောက် Malaysia FA Cup ဆုဖလားကိုရယူနိုင်ခဲ့ပါတယ်။ဒါ့အပြင် AFC Champions League 2020 ပြိုင်ပွဲရဲ့ ခြေစစ်ပွဲအဆင့်ကနေ စတင်ယှဉ်ပြိုင်ခွင့်ကိုလည်း ပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။

အဆိုပါပွဲစဉ်ကိုတော့ပရိသတ်၈သောင်းဆန့် မလေးရှားနိုင်ငံရှိဘူကစ်ဂျာလီကွင်းကြီးမှာယှဉ်ပြိုင်ကစားခဲ့ကြတာဖြစ်ပါတယ်။ပရိသတ်၈သောင်းဆန့်တဲ့အဆိုပါကွင်းကြီးကတော့ အဆိုပါFA ဖလားပြိုင်ပွဲမှာကွင်းလုံးပြည့်ပရိသတ်တွေနဲ့အားပေးသံတွေမြိုင်ဆိုင်ခဲ့ပြီး အာစီယံလိဒ်ပြိုင်ပွဲတွေထဲမှာတော့ ပရိသတ်အများဆုံးပြိုင်ပွဲတစ်ခုဖြစ်ခဲ့ရပါတယ်။

ဒီပွဲစဉ်မစခင်ကလည်းနှစ်ဖက်အသင်းပရိသတ်တွေရဲ့အားပေးမှုကလည်း အာရှမီဒီယာတွေအထိပြန့်နှံ့သွားပြီးချီးကျူးစရာဖြစ်ခဲ့ရတာပါ။နှစ်ဖက်အသင်းပရိသတ်တွေဟာပွဲမခင်မှာ ကွင်းအတွင်းကနေ တီးခတ်တဲ့ drum ရိုက်ချက်နဲ့အတူ နှစ်ဖက်အသင်းပရိသတ်ပေါင်း (၈) သောင်းကျော်ကလည်း လက်ခုပ်တီးအာပေးခဲ့တဲ့အသံကို “ Viking Clap” ကိုအမှတ်တရပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။ ဒါဟာတကယ့်အရေးကြီးပြိုင်ပွဲတွေရဲ့ ပွဲမစတင်ခင်ပြုလုပ်တဲ့ performance တွေထဲမှာတော့ အကြီးကျယ်ဆုံးအရာတစ်ခုအဖြစ် မှတ်တမ်းဝင်ခဲ့တာဖြစ်ပြီး ပရိသတ်တွေအားကျစေဖို့လည်းတင်ဆက်ပေးလိုက်ကပါတယ်။

SOURCE:

Malaysian Football League

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။