အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကတော့ သူ့ရဲ့နယ်စပ်တံတိုင်းတည်ဆောက်ဖို့တင်ပြချက်ဟာ တရားရုံချုပ်ရဲ့ခွင့်ပြုချက်ကိုရရှိခဲ့ပြီလို့သိရပါတယ်။

ထရမ့်ကတော့ နယ်စပ်တံတိုင်းကို အမေရိကန်နဲ့ မက္ကဆီကိုနယ်စပ်မှာ တည်ဆောက်သွားမှာ ဖြစ်တယ်လို့သိရပါတယ်။

ယခုခွင့်ပြုချက်ရတဲ့အခါမှာဆိုရင်လည်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ဒါဟာ သူ့ရဲ့အောင်မြင်မှုကြီးတစ်ခုဖြစ်တယ်လို့ တွစ်တာကနေ တစ်ဆင့်ပြောကြားခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ယခုတံတိုင်းတည်ဆောက်မယ့် စီမံကိန်းဟာ ထရမ့်ရဲ့ ၂၀၁၆ ခုနှစ်တုန်းက ရွေးကောက်ပွဲအတွင်းမှာပေးခဲ့တဲ့ အဓိက ကတိတခုလည်းဖြစ်တယ်လို့ သိရပါတယ်။

သို့ပေမယ့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ယခုနယ်စပ်တံတိုင်းတည်ဆောက်မယ့် စီမံကိန်းကိုတော့ ဒီမိုကရက်တစ်ပါတီဝင်တွေက အကြီးအကျယ် ကန့််ကွက်နေကြတယ်လို့သိရပါတယ်။

ဘာ့ကြောင့်လဲဆိုရင် သူတို့ဟာ ထရမ့်ရဲ့ ယခုတံတိုင်းတည်ဆောက်မယ့်ကိစ္စဟာ အကုန်အကျများပြီး နယ်စပ်လုံခြုံရေးအတွက် မထိရောက်တဲ့ နည်းလမ်းဖြစ်တယ်လို့ သတ်မှတ်ထားတာကြောင့်ပဲ ဖြစ်ပါတယ်။

Source- Politico 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။