ပရိသတ်ကြီးရေ အိမ်မွေးတိရစ္ဆာန်လေးတွေဆိုတာ အဖော်မဲ့နေတဲ့ လူတွေအတွက်တော့ တစ်ကယ်ကို ကောင်းမွန်တဲ့ မိတ်တွေကောင်းလို့တောင် ပြောလို့ရပါတယ်။ ဒီအထဲမှာမှ ခွေးလေးတွေကတော့ လူသားတွေအပေါ်မှာ သစ္စာအရှိဆုံးသော အကောင်လေးတွေလို့တောင် ပြောလို့ရပါတယ်။ ဒီတစ်ခါဖော်ပြပေးမယ့်အကြောင်းအရာလေးကတော့ စပိန်နိုင်ငံက သခင်အပေါ်ကိုအလွန်ချစ်တဲ့ ခွေးလေးတစ်ကောင် အကြောင်းပဲ ဖြစ်ပါတယ်။

၂၀၀၇ ခုနှစ်တုန်းက စပိန်နိုင်ငံ မှာ အမျိနုးသားတစ်ယောက်ဟာ သူ့ရဲ့ အိမ်ရှေ့က သစ်ပင်အကိုင်း အခက်တွေကို ခုတ်နေရှု်း ၆ပေလောက်၇ှိတဲ့ အမြင့်ကနေ ပြုတ်ကျသွားခဲ့ပါတယ်။ ပြုတ်ကျတဲ့ အရှိန်က မြင့်တာကြောင့် အကျမတော်ဖြစ်သွားပြီး သတိရတစ်ချက် မရတစ်ချက် ဖြစ်နေခဲ့ပါတယ်။ အာ့ဒီအချိန်မှာသူ့ခွေးလေး က သခင်ပေါ်ကို နောက်ထပ် အန္ဒရာယ်များ ကျရောက်မလာအောင် သခင်ကို ဖက်ထားပါတယ်။

ကယ်ဆယ်ရေး တွေရောက်လာပြီး ရှေးဦးသူနာ ပြုစု ကာ ဆေးရုံကားဖြင့် ခေါ် ယူဖို့ စီစဉ်သော်လည်း သူ့သခင် ကို မပေးနိုင်ပဲ ဖြစ်နေပါတယ်။

နောက်ဆုံး ခွေးလေးကို သူ့သခင်နှင့် အသာအယာ ခွဲ ပြီး သစ်ခုတ် သမားကို ဆေးရုံတင် ကုသ ခဲ့ရာ သတိပြန်လည်ရရှိကာ ကျန်းမာရေးကောင်းမွန်ခဲ့ပါတယ်။ ဒီခွေးလေးကတော့ တစ်ကယ့်ကို သစ္စာရှိပြီး သခင် အပေါ်ချစ်လွန်းခဲ့တာကြောင့် အနီးအနားက ပတ်ဝန်းကျင်လူတွေက ခွေးလေးရဲ့ လုပ်ရပ်ကို ချီးကျူးခဲ့ကြပါတယ်။

Source : Original Uploader

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။