မြန်မာနိုင်ငံရဲ့ အဓိက ရတနာထွက်ရာ ကချင်ပြည်နယ် ဖားကန့်မြို့ရဲ့ မှုခင်းသတင်းတွေနဲ့ သေဆုံးမှုသတင်းတွေကို ပရိသတ်တွေလည်း မကြာခဏကြားသိကြမယ်ထင်ပါတယ်။ ကျောက်စိမ်းတူးဖော်မှုတွေအဆက်မပျက်လု်ပဆောင်လျှက်ရှိပြီး ကြီးမားတဲ့ မြေတူးမှုကြီးတွေကြောင့် မြေပြိုမှုတွေမကြာခဏဖြစ်ပွားလေ့ရှိပြီး လူသေဆုံးမှုတွေလည်း မရေမတွက်နိုင်အောင်ရှိနေကြောင်း သိရပါတယ်။  

ဖားကန့်မြို့နယ် ဆိပ်မူအုပ်စု ကောင်းစံကျေးရွာ။ ကရင်ချောင် ကျေးရွာ၊ ချောင်းဖျားကျေးရွာ နားက အမြင့်ပေ တထောင်လောက်ရှိတဲ့ ကျောက်စိမ်းကမ်းပါးယံတခု မနေ့က မနက် ၂ နာရီခန့်တွင် ပြိုကျခဲ့ကြောင်း သိရပါတယ်။ အဆိုပါဖြစ်စဉ်ကြောင့် အနီးအနားမှာရှိနေတဲ့ လုပ်ကွက်တွေက ကုမ္ပဏီဝန်ထမ်း (၁၅) ဦးနဲ့ ရဲတပ်ဖွဲ့ဝင် (၃) ဦး သေဆုံးခဲ့တယ်လို့ ဒေသခံ ကိုဇော်မိုးထက်က ပြောပြခဲ့ပါတယ်။ 

ကိုဇော်မိုးထက်က “ ညသန်းခေါင်ကြီး ပြိုကျတာဆိုတော့ အဲ့ဒါကြီးက ငေါငေါကြီးထွက်နေတာလေ။ အောက်မှာရှိတဲ့လူတွေကလည်း အဲဒီဘက်ကို မရောက်လောက်ဘူးထင်တာပေါ့ဗျာ ။ သူတို့ကျင်းတွေနဲ့ဆို ဝေးတယ်။ အမြင့်က မြင့်တဲ့အခါကျတော့ အောက်မှာလဲ ရေကန်ရှိတော့ ဘေးကို သက်ရောက်မှာပေါ့ ။ တောင်ကလည်းမြင့်တယ်လေ ” လို့ပြောပြခဲ့တာပဲဖြစ်ပါတယ်။ ပြိုကျတဲ့အထဲ ပါသွားသူတွေအနက် ကုမ္ပဏီဝန်ထမ်း အလောင်း ခြောက်လောင်းနဲ့ ရဲတပ်ဖွဲ့ဝင် အလောင်းတစ်လောင်း၊ စုစုပေါင်း အလောင်း ၇ လောင်းပဲ ရှာဖွေတွေ့သေးတယ်လို့ သိရပါတယ်။

source - BBC B

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။