ဒီအမျိုးသားရဲ့နာမည်ကတော့ Gheorghe Dinca ဖြစ်ပြီးသူဟာ အသက် ၆၅ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ အမျိုးသားတစ်ဦးပဲဖြစ်ပါတယ်။

အသက် ၁၅ နှစ်အရွယ်ကောင်မလေး Alexandra Mecesanu ပြီးခဲ့တဲ့ ရက်ပိုင်းက Romania က Caracal နားမှာ ကားကြုံစီးရာကနေ ၎င်းအမျိုးသားရဲ့ ဓာတုဆေးဝါးတွေနဲ့ ဖမ်းဆီးချင်းကိုကြုံတွေ့ခဲ့ရတာပဲဖြစ်ပါတယ်။

အသက် ၁၈ နှစ်အရွယ်ကောင်မလေး Luiza Melencu ကတော့ ပြီးခဲ့တဲ့ စနေနေက ဖမ်းခေါ်ခံခဲ့ရတာဖြစ်ပေမယ့် ရဲတပ်ဖွဲ့ရဲ့ပြောကြားချက်အရတော့ ၎င်းကောင်မလေးဟာ ပြီးခဲ့တဲ့ဧပရယ်လလောက်ထဲက ပြောက်ဆုံးနေခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

၎င်းကောင်မလေးနှစ်ယောက်လုံး ဖမ်းဆီးခံထားရတဲ့အချိန်မှာဆိုရင် အသက် ၁၅ နှစ်အရွယ်ကောင်မလေး Alexandra ဟာ ရဲတပ်ဖွဲ့အရေးပေါ် နံပါတ်ကို သူလာနေပြီ သူလာနေပြီ ဆိုပြီး ကြောက်ကြောက်လန့်လန့်အသံနဲ့ ဖုန်းဆက်အကြောင်းကြားခဲ့တယ်လို့သိရပါတယ်။

ဒ့ါကြောင့် ရဲတပ်ဖွဲ့ဝင်တွေဟာ ကောင်မလေးခေါ်လာတဲ့ ဖုန်းနံပါတ်ကို ခြေရာခံကာ လိုက်လံစုံစမ်းတဲ့အခါမှာ ၎င်းအမျိုးသားကိုတော့ဖမ်းမိခဲ့ပေမယ့် အသက် ၁၅ နှစ်အရွယ်ကောင်မလေးကိုတော့ မတွေ့ရှိခဲ့ရပါတယ်။

အဲ့ဒီနောက် ရှာဖွေရင်းနဲ့ ဆယ့်ကိုးနာရီလောက်အကြာမှာတော့ မီးလောင်ကျွမ်းထားတဲ့ ခန္ဓာကိုယ်နဲ့ သေဆုံးနေတဲ့ အသက် ၁၅ နှစ်အရွယ်ကောင်မလေးကို တွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။

Source – Daily Mail

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။