မိန်းမပျိုလေးတွေ လက်မောင်းလှပပြီး ရင်သားပြည့်ဖြိုးမို့မောက်ဖို့အတွက် အချိန်ကူသက်သာ လွယ်ကူစေတဲ့ နည်းလမ်းလေးတွေကို တင်ဆက်ပေးပါရစေ..။ ထိုနည်းလမ်းလေးတွေဟာ ပြင်သစ် TV စတားတစ်ယောက်ဖြစ်တဲ့ "Camille Volaire" ရဲ့ ရောင်းအားအကောင်းဆုံး စာအုပ်တွေထဲက လေ့ကျင့်ခန်း နည်းလမ်းတွေကို ပုံရိပ်တွေနဲ့တကွ တင်ဆက်ပေးမှာပါ....။ ပထမဦးဆုံးနည်းလမ်းလေးကတော့ "Catcher of stars" လို့ဆိုတဲ့ "ကောင်းကင်က ကြယ်ကိုလှမ်းဖမ်းသလို"မျိုးပြုလုပ်ပေးရတဲ့ လေ့ကျင့်ခန်းနည်းလမ်းဖြစ်ပါတယ်...။

"Elephant exercise" လို့ဆိုတဲ့ ဆင်နှာမောင်းလွှဲသလိုမျိုး ခါးကို အောက်ငုံ့ကာ ပြုလုပ်ပေးရမှာဖြစ်ပါတယ်...။ "Cobra exercise" လို့ဆိုတဲ့ မြွေတွားသွား သလိုမျိုးလေ့ကျင့်ခန်းကိုပြုလုပ်ပေးခြင်းဖြင့် ဗိုက်သားကအဆီပိုတွေကို ကျစေမှာဖြစ်ပါတယ်...။ "Tennis ball exercise" လို့ခေါ်တဲ့ နည်းလေးကတော့ လက်နှက်ဖက်ကြားထဲမှာ တင်းနစ်ဘောကို ထည့်ပြီး တွန်းထားခြင်းဖြင့် လက်မောင်းအလှကိုပိုင်စေဆိုင်မှာပါ...။

"Book exercise" ဆိုတဲ့ နည်းလေးကတော့ စာအုပ်နှစ်အုပ်ကို လက်တစ်ဖက်စီပေါ်တင်ကာ အလေးမသလိုပြုလုပ်ပေးရမှာပါ..။ ဒါဟာ လက်မောင်းကြွက်သွားအတွက်ပဲဖြစ်ပါတယ်..။ "Scissors exercise" လိူ့ဆိုရမယ့် ကတ်ကြွေး ညှပ်သလိုမျိုး လက်နှစ်ဖက်ကို ပြုလုပ်ပေးခြင်းဖြင့် လက်မောင်းအလှတွက် အကျိုးရှိတဲ့ နည်းလမ်းလေးပါနော်...။ "Pillow exercise" ဆိုတဲ့ ခေါင်းအုံးကိုအသုံးပြုပြီး ပြုလုပ်တဲ့လေ့ကျင့်ခန်း၊ "Cradle exercise" ဆိုတဲ့ လက်ပေါ်မှာကလေးထားပြီး ပါးခပ်လွှဲသလို ပြုလုပ်ပေးခြင်းဖြင့် ကြွက်သွားတွေကို လေ့ကျင့်ခန်းပြုလုပ်ပေးသလိုဖြစ်စေမှာပဲဖြစပါတယ်..။

Source Bright Side 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။