မြန်မာ့လက်ရွေးစင်အသင်းရဲ့တိုက်စစ်မှူးကျော်ကိုကိုကတော့ ထိုင်းပရီးမီးယားလိဒ်စမူပါကန်အသင်းမှာကစားနေတာဖြစ်ပါတယ်။ဒီနှစ်ရာသီအစမှာကတည်းကစမူပါကန်အသင်းမှာကစားခဲ့ပြီး ခုဆိုကျော်ကိုကိုကတော့အသင်နဲ့ ပုံစံကျပြီးခြေစွမ်းပြသွင်းဂိုးတွေကိုတောင်သွင်းယူနေပြီးပရိသတ်တွေရဲ့အချစ်တွေတောင်ရထားတာဖြစ်ပါတယ်။

သူကတော့ စမူပါကန်အသင်းမှာအရေးပါတဲ့သွင်းဂိုးတွေကိုသွင်းယူပေးရုံသာမကဂိုးဖန်တီးမှုတွေကိုပါလုပ်ပေးတဲ့ကစားသမားကောင်းတစ်ယောက်ဖြစ်ပါတယ်။နောက်ပိုင်းမှာကျော်ကိုကိုကတော့အသင်းနဲ့တူတူပွဲထွက်ခွင့်တွေရရှိနေတာဖြစ်ပါတယ်။သူကတော့ကလပ်အသင်းမှာသာမကနိုင်ငံအသင်းမှာပါအားကိုးရတဲ့ကစားသမားတစ်ယောက်ဖြစ်ပါတယ်။

ခုမှာလည်းကျော်ကိုကိုရဲ့သွင်းဂိုးတွေနဲ့ပံ့ပိုးပေးမှုတွေကိုထိုင်းမီဒီယာတွေကတောင်ချီးကျူးခဲ့ရတာဖြစ်ပါတယ်။စမူပါကန်အသင်းမှာ ခြေစွမ်းပြပြီးဂိုးဖန်တီးမှုတွေ သွင်းဂိုးတွေကလည်းအကောင်းဆုံးသွင်းဂိုးတွေကိုမြင်တွေ့ရမှာဖြစ်ပါတယ်။ပရိသတ်တွေလည်းတိုက်စစ်မှူးကောင်းတစ်ယောက်မှာရှိသင့်တဲ့ကျော်ကိုကိုရဲ့အကောင်းဆုံးခြေစွမ်းVIDEO လေးကိုလည်းတင်ဆက်ပေးလိုက်ကပါတယ်။

Source:

Pro24 Agency

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။