မြန်မာ့လက်ရွေးစင်ကစားသမားအောင်သူကတော့ဒီတစ်ပတ်မှာမြောင်တောင်အသင်းမှာလူစားလဲကစားခွင့်ရပြီးခြေစွမ်းပြအနိုင်ဂိုးကိုသွင်းယူခဲ့တာပါ။ဒီသွင်းဂိုးကြောင့်မြောင်တောင်အသင်းဟာနိုင်ပွဲရပြီးအမှတ်ပေးဇယားအလယ်လောက်မှာပြန်ရပ်တည်နေတာဖြစ်ပါတယ်။ဒီဂိုးကိုသွင်းယူပေးခဲ့တဲ့အောင်သူကတော့နောက်ပိုင်းမှာမြောင်တောင်အသင်းနဲ့ပွဲထွက်လာဖို့အခွင့်အရေးတွေရှိလာတာပါ။

အောင်သူရဲ့မြောင်တောင်အသင်းမှာသွင်းခဲ့တဲ့ဂိုးတွေကလည်းလူစားလဲဝင်ရောက်ပြီးမှသွင်းယူပေးတာဖြစ်ပါတယ်။အောင်သူကတော့မြောင်တောင်အသင်းမှာ ပွဲထွက်ခွင့်အတွက်ရုန်းကန်နေတာဖြစ်ပြီး ဒီပွဲစဉ်အပြီးမှာ ပရိသတ်တွေကနောက်ပွဲစဉ်တွေမှာအောင်သူ့ကိုပွဲထုတ်ဖို့တောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။

နည်းပြကလည်းအောင်သူ့ကိုချီးကျူးမှုတွေပြုလုပ်သွားခဲ့ပြီးထိုင်းမီဒီယာတွေမှာအောင်သူရဲ့သွင်းဂိုးကတော့နာမည်ကျော်သွားခဲ့တာဖြစ်ပါတယ်။ခုမှာလည်းဒီတစ်ပတ်ထိုင်းပရီးမီးယားလိဒ်ရဲ့အကောင်းဆုံးသွင်းဂိုး၅ဂိုးမှာတော့အောင်သူ့ဂိုးက၁နေရာကရပ်တည်ခဲ့တာဖြစ်ပါတယ်။တစ်ခြားကစားသမားတွေကိုကျော်ဖြတ်ပြီးအကောင်းဆုံးသွင်းဂိုးထိပ်ဆုံးနေရာမှာပါတဲ့အောင်သူ့ရဲ့video လေးကိုလည်းတင်ဆက်ပေးလိုက်ကပြီးအားပေးကြပါဦးနော်။

Source:google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။